အသိပညာ၊ အတတ်ပညာပြည့်ဝသော လူငယ်များဖြင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည် ဗလငါးတန်ပြည့်ဝပြီး မိမိဒေသနှင့် နိုင်ငံတော်အတွက်အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလို

 

ရန်ကုန် မတ် ၇


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဦးရဲတင့်သည်    ယနေ့  မွန်းလွဲပိုင်းတွင်      ရန်ကုန်မြို့  ပြည်ထောင်စု      တိုင်းရင်းသား လူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၌  ကျောင်းသား  ကျောင်းသူများနှင့်       ဆရာ   ဆရာမများ၊    ဝန်ထမ်းများအား တွေ့ဆုံ၍     လူငယ်ရေးရာနှင့်  ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများ  ဆွေးနွေးမှာကြားသည်။


ဒုတိယဝန်ကြီးက   ဆွေးနွေး မှာကြားရာတွင်      နိုင်ငံတော် အနေဖြင့်     တိုင်းရင်းသားဒေသ များနှင့်     ကျေးလက်ဒေသများ လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေးအတွက်   တိုင်းရင်း သားလူမျိုးများ      ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့်  စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ၊    သင်တန်း ကျောင်းများ  ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊  တိုင်းရင်းသား  ကျောင်းသား   ကျောင်းသူများ  အနေဖြင့်ပညာကြိုးစားပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် ကြရန်လိုကြောင်း၊     လူငယ်များ သည်     နိုင်ငံ၏ အနာဂတ်ဖြစ်ပြီး    အသိပညာ၊      အတတ်ပညာ       ပြည့်ဝသော  လူငယ်များဖြင့်သာ နိုင်ငံတော်ကို   ဖွံ့ဖြိုးတိုးတက် အောင်      တည်ဆောက်နိုင်မည်    ဖြစ်ကြောင်း၊ ထို့ကြောင့်  စာအုပ် စာပေများကို   စဉ်ဆက်မပြတ်  ဖတ်ရှုလေ့လာကြရန်     တိုက်တွန်း လိုကြောင်း၊       သင်တန်းများ တွင်         အတတ်ပညာသာမက       ဘက်ပေါင်းစုံမှ      စနစ်တကျ   လေ့ကျင့်သင်ကြား    ပေးနေခြင်း ဖြစ်၍      ဗလငါးတန်ပြည့်ဝပြီး        မိမိဒေသနှင့်  နိုင်ငံတော်အတွက်   အကျိုးပြုနိုင်မည့်    လူငယ်များ ဖြစ်အောင်   ကြိုးစားကြစေလို ကြောင်း၊       မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့်    ဖွံ့ဖြိုး တိုးတက်ရေးကို        မျိုးချစ် စိတ်ဓာတ်၊         ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကျန်းမာရေးဂရုစိုက်ပြီး ငယ်စဉ် ကတည်းက  အားကစားလှုပ်ရှား မှုကို   စဉ်ဆက်မပြတ်လုပ်ရန်နှင့် မူးယစ်ဆေးဝါးကို ရှောင်ရှားကြ ရန် တိုက်တွန်းမှာကြားသည်။


ဆက်လက်၍    ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်      ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် ကောလာဟလ များ၊    သွေးထိုးလှုံ့ဆော်မှုများကို  စဉ်းစားတွေးခေါ်မှုဖြင့် နားလည် ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ    အခြားနိုင်ငံများနည်းတူ  မိမိနိုင်ငံ ကာကွယ်ရေးကို     အကျုံးဝင်သူ           နိုင်ငံသားများက   ထမ်းဆောင်ကြ ရန်လိုအပ်ကြောင်း၊    သတ်မှတ် ချက်များနှင့် အညီ    လိုအပ်သည့်    အရေအတွက်ကိုသာ     စိစစ်ပြီး ပြည်သူလူထု       ဝန်ထုပ်ဝန်ပိုး        မဖြစ်စေရေး      စဉ်းစားဆောင်ရွက် သွားရန်      စီစဉ်လျက်ရှိကြောင်း၊  လတ်တလော    အမျိုးသမီးများ အား   ပြည်သူ့စစ်မှုထမ်းအဖြစ် ခေါ်ယူရန်       အစီအစဉ်မရှိသေး ကြောင်း၊ ပြည်သူများအကြား စိုးရိမ်      ထိတ်လန့်စေရန်နှင့်   နိုင်ငံတော် လုံခြုံရေး၊  ကာကွယ်ရေးအင်အား  လျော့နည်းစေရန် အဖျက်အမှောင့် သမားများ၏  အမှောင့်ပယောဂ များကို မယုံကြည်ကြရန် ဆွေးနွေး မှာကြားသည်။


တွေ့ဆုံပွဲသို့    ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး        ဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူ ၁၁၈၁ ဦး၊    ကျောင်းအုပ်ကြီးနှင့်   ဆရာ ဆရာမ   ဝန်ထမ်း   ၁၆၀    တက် ရောက်ခဲ့ကြသည်။


ထို့နောက်   ဒုတိယဝန်ကြီး  က     ကောလိပ်စာကြည့်တိုက် အတွက်    ပြန်ကြားရေးဝန်ကြီး ဌာနမှ    လှူဒါန်းသော    စာအုပ် စာစောင်များနှင့်      အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပံ့ပိုးသော     အားကစားပစ္စည်း များကို       ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်နှင့် ပြတိုက်တို့ကို ကြည့်ရှုကာ        လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။        

              သတင်းစဉ်