အသိပေးနှိုးဆော်ချက်

 

မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၃ ရက်နေ့မှ တန်ခူးလဆုတ် ၁ ရက်နေ့ အထိ (၂၀၂၂  ခုနှစ် ဧပြီလ ၁၃ ရက် နေ့မှ  ၁၆  ရက်နေ့အထိ)   မြန်မာ့ရိုးရာ  မဟာသင်္ကြန်ပွဲတော်တွင်   ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ   ရန်ကုန်မြို့တော်  မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်း အကအလှဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ရာ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်း‌ကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်း အထိ လည်းကောင်း နံနက် ၀၇:၀၀ အချိန်မှ ညနေ ၁၈:၀၀ အချိန်အထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ရာ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့်   လမ်းလွှဲများမှ   သွားလာမောင်းနှင်ကြပါရန်   အသိပေး နှိုးဆော်အပ်ပါသည်၊၊                                                                

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့