အသိပေးနှိုး‌ဆော်ချက်

 

၁။     (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် ၁၂-၂-၂၀၂၂ ရက်နေ့တွင် အောက်ဖော်ပြပါလမ်းများအား နံနက် ၀၄:၀၀ အချိန်မှစ၍ အခမ်းအနားပြီးဆုံးချိန်အထိ ခေတ္တ လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
  

 (က)     ပြည်လမ်းအား ပြည်ထောင်စုရိပ်သာလမ်းဆုံမှ မဟာမြိုင်လမ်းဆုံအထိ လည်းကောင်း၊၊
    

(ခ)      ဦးဝိစာရလမ်းအား ဦးဝိစာရအပိုင်းမှ ဓမ္မစေတီလမ်းဆုံအထိ လည်းကောင်း။
    

(ဂ)      အလုံလမ်းအား ဗဟိုလမ်းနှင့်ဆုံရာမှ ဦးဝိစာရအဝိုင်းအထိ လည်းကောင်း။
    

(ဃ)     ရှင်စောပုလမ်းအား ဗဟိုလမ်းနှင့်ဆုံရာမှ ဗားကရာလမ်းဆုံအထိ လည်းကောင်း။

 

၂။     သို့ဖြစ်ပါ၍ အခမ်းအနားကျင်းပစဉ်အချိန်အတွင်း လမ်းပိတ်/လမ်းလွှဲမှ ရှောင်လွှဲမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်၊၊


ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ