အသိပေးကြေညာချက်

 

 

၁။    အကောက်ခွန်ဦးစီးဌာနသည်  မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး  အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
၂။    ရေကြောင်း/လေကြောင်းမှတစ်ဆင့်  တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ် ရက်ကာလဖြစ်သော (၉-၄-၂-၂၀၂၂) ၊ (၁၁-၄-၂၀၂၂) နှင့်  (၁၂-၄-၂၀၂၂) ရက်နေ့တို့တွင်  Overtime ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် အရေးပေါ်  COVID ဆေးနှင့် ကုန်ပစ္စည်းများ  ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက ရုံးချုပ်တွင်  အသင့်စုဖွဲ့ထားသောအဖွဲ့ဖြင့် သင်္ကြန် အကြိုနေ့ (၁၃-၄-၂၀၂၂) ရက်နေ့မှ  သင်္ကြန်အကြတ်နေ့  (၁၅-၄-၂၀၂၂) ရက်နေ့အထိ  ကုန်ပစ္စည်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၃။    အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့်  ရှင်းလင်းထုတ်ယူလိုသော  ကုန်ပစ္စည်း များနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင်  ကျသင့်ခွန်များ ပေးဆောင်ရန်အတွက် Deposit ငွေ လုံလုံလောက်လောက်ထားရှိသွားရန်နှင့်  အချိန်ပိုလုပ်ငန်းဆောင်ရွက်မှုအား  (၈-၄-၂၀၂၂) ရက်နေ့ ၁၄:၀၀ အချိန်ထက်   နောက်မကျဘဲ   ညွှန်ကြားရေးမှူး  (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)နှင့် ညွှန်ကြားရေးမှူး (ကာကွယ်ရေးဌာနခွဲ) တို့ထံ လျှောက်ထားရမည် ဖြစ်ပါသည်။ 
၄။    ကုန်ပစ္စည်းများထုတ်ယူရာတွင်   အခက်အခဲများရှိပါက   အောက်ဖော်ပြပါ   ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-
(က)    ညွှန်ကြားရေးမှူး (ထုတ်/သွင်း)        -    ၀၉၅၀၇၅၆၅၈
( ခ )    ညွှန်ကြားရေးမှူး(ကာကွယ်ရေး)    -    ၀၉၅၀၆၆၅၆၉
( ဂ )    ဒုတိယညွှန်ကြားရေးမှူး (ထုတ်/သွင်း)    -    ၀၉၇၈၅၀၅၅၄၅၆
(ဃ)    ဒုတိယညွှန်ကြားရေးမှူး (ကာကွယ်ရေး)    -    ၀၉၂၅၀၀၆၃၂၀၃
( င )    ဒုတိယညွှန်ကြားရေးမှူး (လေဆိပ်)    -    ၀၉၂၀၃၁၆၇၁                                                                                                       အကောက်ခွန်ဦးစီးဌာန