
နေပြည်တော် စက်တင်ဘာ ၈
အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ် များအပေါ် အကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက် ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းဆိုင်ရာ အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက် ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ် ဒေသငွေကြေးခဝါချမှု တိုက်ဖျက် ရေးအဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဥပဒေရေးရာဝန်ကြီးဌာန၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန နှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ် စားလှယ်များ တက်ရောက်ကြ သည်။
အပြန်အလှန်ဆွေးနွေး
အစည်းအဝေးတွင် AP JG အဖွဲ့ ၏ Co chair ဖြစ်သူ အိန္ဒိယ နိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က အဖွင့်အမှာစကားများ ပြော ကြားသည်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှု များအား ဆွေးနွေးပြောကြားရာ တွင် ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်များကို နားလည်စေရေး အတွက် ကြီးကြပ်ရေးအာဏာပိုင် များနှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခြင်း၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်း များနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရေး အစီအမံ များပြုလုပ်ခြင်း၊ ပြည်ပငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအား လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ် စစ်ဆေးရေးဆောင်ရွက်ထားရှိမှု၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင် ရွက်သူများအား အရေးယူ ဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက် မှုများ၊ ငွေကြေးခဝါချမှုဆိုင်ရာပြစ်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများအား နိုင်ငံ့ ဘဏ္ဍာသိမ်းဆည်းခြင်း၊ အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် များနှင့်အညီ လူအများအပြား သေကျေစေသော လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် သက်ဆိုင် သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေး ကြသည်။
သတင်းစဉ်