အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ သင်တန်းပေါင်း ၁၁၇ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား နှစ်ထောင်ကျော် မွေးထုတ်ပေးခဲ့ပါတယ်

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပို့ချသည့် အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်  ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာ နေမျိုးနွယ် ပရိယတ္တိစာသင်တိုက် ဝဲကြီးကျောင်း၌ ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။ 

 


အဆိုပါ  သင်တန်းကို   ဇန်နဝါရီ  ၅ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ ၁၀ ရက် ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်ကာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်နှင့် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများ၏ အတွေ့အကြုံများ နှင့်    တာဝန်ရှိသူများကို   မြန်မာ့အလင်း သတင်းစာမှ တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

 


ဒေါ်ငြိမ်းအေး(ညွှန်ကြားရေးမှူး)
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန


ကျေးရွာတွေမှာ လျှပ်စစ်မီးတွေ ပိုမို ရရှိလာတဲ့အတွက်   အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ လျှပ်စစ် မီးနဲ့ပတ်သက်ပြီး  ဘေးအန္တရာယ်ကင်း ရှင်းရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေးတို့ကို     အဓိကထားရည်ရွယ်ပြီး သင်တန်းတွေ ပို့ချပေးပါတယ်။ ပြည်နယ် နဲ့  တိုင်းဒေသကြီးတွေမှာ  အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ မီနီဘတ်ဂျက်အတွင်း  သင်တန်းပေါင်း ၁၈၀   ဖွင့်လှစ်ပို့ချဖို့  လျာထားပါတယ်။ ယခုအထိ       မီနီဘတ်ဂျက်အတွင်း သင်တန်းပေါင်း ၁၁၇ ကြိမ် ဖွင့်လှစ်ပို့ချနိုင် ခဲ့ပြီး သင်တန်းသား နှစ်ထောင်ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

 


အသေးစား  စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေနဲ့   ပို့ချပေးတဲ့ သင်တန်း အများအပြားရှိပါတယ်။ စားသောက်ကုန်၊ အလှကုန်၊   လူသုံးကုန်၊  သုတေသနနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း၊ စက်မှုလက်မှုနဲ့ဆိုင်တဲ့ တွင်ခုံ၊ ဝပ်ရှော့၊ ဝရိန်၊တစ်လုံးထိုးအင်ဂျင်သင်တန်း၊ လျှပ်စစ် နဲ့ဆိုင်တဲ့ အခြေခံအိမ်တွင်းလျှပ်စစ်သွယ် တန်းခြင်း  နည်းပညာသင်တန်း၊ ဒါ့အပြင် ယွန်းပညာနဲ့ဆိုင်တဲ့သင်တန်း၊  ရက်ကန်း ပညာနဲ့ဆိုင်တဲ့   သင်တန်းတွေကိုလည်း  ပို့ချပေးလျက်ရှိပါတယ်။ သင်တန်းပို့ချတဲ့ အခါ ဒေသရဲ့ပေါများတဲ့    သယံဇာတများ ကို အခြေခံပြီး  တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ အခမဲ့ရက်တို၊ ရက်ရှည် သင်တန်းတွေ ပို့ချပေးပါတယ်။

 


ဦးခွန်ထွန်းထွန်းလှ(နည်းပြဆရာ)
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန


လျှပ်စစ်ပညာနဲ့ပတ်သက်ပြီး ပြည်သူ တွေ     အသက်မွေးဝမ်းကျောင်းမှုတစ်ခု အဖြစ်     အထောက်အကူပြုနိုင်အောင် သင်ကြားပေးပါတယ်။ ယခုသင်တန်းကို အခြေခံ    လျှပ်စစ်သဘောတရားကနေ အိမ်တွင်း        လျှပ်စစ်သွယ်တန်းမှု အဆင့်ဆင့်၊     ဘရေကာတွက်ချက်မှု၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ် ဥပဒေနည်းဥပဒေဆိုင်ရာ အကြောင်းအရာ တွေကို  အဓိကသင်ကြားပေးပါတယ်။

 


ဒီသင်တန်းဆင်းသွားတဲ့   သင်တန်း သားတွေအနေနဲ့ လျှပ်စစ်လုပ်ငန်းခွင်တွေ မှာ ကျွမ်းကျင်လုပ်သားများအဖြစ် လုပ်ကိုင် နိုင်မှာဖြစ်ပြီး အဆင့်မြင့်သင်တန်းတွေကို လည်း    ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။   သင်တန်းကို  စာတွေ့  ၃၀ ရာခိုင်နှုန်းနဲ့  လက်တွေ့  ၇၀   ရာခိုင်နှုန်း  သင်ကြားပို့ချပေးပြီး ထူးချွန်သင်တန်းသား များကိုလည်း   ဆုများချီးမြှင့်ပေးပါတယ်။

 


ကိုရန်ဖြိုးအောင်၊ ဝန်ပြန်ကျေးရွာ
(သင်တန်းသား)


ကျွန်တော်က ဝန်ပြန်ရွာမှာ နေပါတယ်။ လျှပ်စစ်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါ တယ်။ ဒီအခြေခံ အိမ်တွင်းလျှပ်စစ်သွယ် တန်းခြင်း  နည်းပညာသင်တန်း  တက် ရောက်ခဲ့တဲ့အတွက် စာတွေ့၊ လက်တွေ့နဲ့    လျှပ်စစ်ကို အန္တရာယ်ကင်းကင်း အသုံးပြု နိုင်တဲ့     ကျွမ်းကျင်မှုတွေ  ရရှိပါတယ်။ အခြေခံကျကျ    သင်ယူခဲ့ရတဲ့အတွက်   ဒီသင်တန်းကရရှိတဲ့ ပညာတွေနဲ့   အသက် မွေးဝမ်းကျောင်းပြုပြီး ပြည်သူတွေကို အကျိုးပြုသွားမှာဖြစ်ပါတယ်။

 


ကိုကျော်မင်းအောင်၊ ဝန်ပြန်ကျေးရွာ 
(သင်တန်းသား)


ကျွန်တော်က     ဒီအခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း     နည်းပညာ သင်တန်းမှာ    ထူးချွန်ဆုရရှိခဲ့ပါတယ်။ ကျွန်တော်နဲ့အတူတူတက်တဲ့ သင်တန်း သားတွေမှာလည်း သင်တန်းနည်းပြဆရာ အနေနဲ့ အသေးစိတ်အချက်အလက်တွေ ကို    စာတွေ့လက်တွေ့   သင်ကြားပေးတဲ့ အတွက်  ကျွမ်းကျင်တဲ့အဆင့်ကို  တတ် မြောက်ကြပါတယ်။ ဒီသင်တန်းက ၁၀ ရက်သင်တန်းဖြစ်ပေမယ့် ကျွန်တော့်ဘဝ အသက်မွေးဝမ်းကျောင်းဖို့    အများကြီး အထောက်အကူဖြစ်ပါတယ်။

 


ကိုကျော်ထက်အောင်၊ ဝန်ပြန်ရွာ 
(သင်တန်းသား)


ဒီသင်တန်းမှာ  ဝိုင်ယာကြိုးဆက်တာ၊ ဝိုင်ယာခွာတာ၊ ဆော့ကတ်ဂျွိုင်းတာတွေ၊ ဘယ်နေရာမှာ  ဘယ်လိုသုံးသင့်တယ် ဆိုတဲ့ အခြေခံကျကျ သင်ကြားပြသပေး တာတွေက ကျွန်တော်တို့အတွက် အလွန် အကျိုးရှိပါတယ်။ အခုဆိုရင် ကျွန်တော့် အနေနဲ့ ကိုယ့်အိမ်ကိုယ် လျှပ်စစ်တပ်ဆင် နိုင်တဲ့အထိ တတ်မြောက်နေပါပြီ။ အသေး စား   စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အခမဲ့ပို့ချပေးတဲ့သင်တန်းတွေကို လူငယ် တွေအနေနဲ့    တက်ခွင့်ရတဲ့အခါ  တက် ရောက်သင်ယူကြပါ။    ဒီလိုသင်တန်းတွေ များများဖွင့်လှစ်ပို့ချပေးနိုင်ရင် ကျေးလက် နေ အခြေခံပြည်သူတွေအနေနဲ့ အသက် မွေးဝမ်းကျောင်း ပညာရပ်အနေဖြင့်သော် လည်းကောင်း၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်၍သော်လည်းကောင်း မိသားစုဝင်ငွေများ   တိုးပွားနိုင်မှာဖြစ်ပါ တယ်။ တာဝန်ရှိသူအားလုံးကိုလည်း ဒီလို ထိရောက်တဲ့ ရက်တိုသင်တန်းတွေ ပို့ချပေး တဲ့အတွက်   ကျေးဇူးအထူးတင်ပါတယ်။

 

သတင်းနှင့် ဓာတ်ပုံ-ဇော်ဘီ