ASEAN  Young Cyber Influencer အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၉


ASEAN  Young Cyber Influencer အလုပ်ရုံဆွေးနွေးပွဲကို   ယနေ့ နံနက်ပိုင်းက   Video Conference စနစ်ဖြင့် ကျင်းပရာ  မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ  ဝန်ထမ်းများ တက်ရောက်  ဆွေးနွေးကြသည်။ 

 


အဆိုပါ    ဆွေးနွေးပွဲတွင် သတင်းတု၊    သတင်းမှားများ၊ မီဒီယာနှင့်      သတင်းအချက် အလက်   သိနားလည်မှု (Media and Information Literacy-MIL) အမုန်းစကား   စသည့်   Online  Video Content      များကို နိုင်ငံအလိုက် ဖန်တီးထုတ်လုပ်ပြီး ဖလှယ်ပြသခြင်း၊ နိုင်ငံပိုင်ရုပ်သံ များ၊ Websites များ၊    Social Media များပေါ်တွင်   ဖော်ပြခြင်း များအပြင်     Power Point Presentation များ ပြုလုပ်ကြမည် ဖြစ်သည်။ 

 


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံက   တာဝန်ယူကျင်းပ ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ Online ဖြင့် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်