ASEAN-PAC ၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၂၂  


အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption - ASEAN-PAC) ၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ယနေ့တွင်  ကမ္ဘောဒီးယားနိုင်ငံ  ဖနောင်ပင်မြို့ Hyatt Regency Phnom Penh ဟိုတယ်၌  ကျင်းပရာ  မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ  ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

 


(၁၈) ကြိမ်မြောက်  အကြီးအမှူးများ  အစည်း အဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit - ACU) ဒုတိယဥက္ကဋ္ဌ H.E. YONN SINAT နှင့် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်   ဆမ်ဒက်ဟွန်ဆမ်တို့က   ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 


ထို့နောက်  ASEAN-PAC   အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ (Anti-Corruption Unit-ACU) ဥက္ကဋ္ဌ H.E. Kittinitikosalbindit Om Yentieng က အဖွင့်အမှာ စကား ပြောကြားသည်။
အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများ ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများနှင့်  မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ  ဦးသန်းဆွေ  အပါ အဝင်   ကိုယ်စားလှယ်  စုစုပေါင်း  ၅၉ ဦး ပါဝင် တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ   ဦးသန်းဆွေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ  ASEAN-PAC နားလည်မှု    စာချွန်လွှာ    (Memorandum   of Understanding-MoU)      လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့  တက်ရောက်၍  ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ACU)ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးသည်။

 


ထို့နောက်      နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (Memorandum of Under-standing -MoU) ကို လက်မှတ်ရေးထိုးကြသည်။

 


နားလည်မှုစာချွန်လွှာကို     နှစ်နိုင်ငံအကြား  အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်   စပ်လျဉ်း၍ သတင်းအချက်အလက်များ     ဖလှယ်ရန်၊    အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ ဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု   ဆန်းစစ်ခြင်း၊   ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ခြင်းနှင့် နည်းပညာအထောက် အကူပြု  ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေး တို့ကို    ပူးပေါင်းဆောင်ရွက်နိုင်ရေး   ရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံနှင့်     ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး  ခိုင်မာအားကောင်း စွာတည်ဆောက်ထားနိုင်ပြီး   ယခုကဲ့သို့     အဂတိ လိုက်စားမှုတိုက်ဖျက်ရေး   ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ   လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲ    ချစ်ကြည်ရင်းနှီးမှုကို    ပိုမိုခိုင်မာ အားကောင်းအောင်   တည်ဆောက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား  အဂတိလိုက်စားမှုတိုက်ဖျက်ရေး နယ်ပယ်တွင်  အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်း များကို    အပြန်အလှန်မျှဝေခြင်းဖြင့်  ထိရောက် သော    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက် မှုများကို  တည်ဆောက်နိုင်မည်ဖြစ်ကြောင်း   သိရ သည်။


သတင်းစဉ်