
ရန်ကုန် ဇန်နဝါရီ ၂၂
ASEAN-OSHNET Awards လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ASEAN-OSHNET Award ဆုသည် အာဆီယံဒေသ အတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်းပြီး ကောင်းမွန်အောင် ဆောင်ရွက်ထားသည့် စက်ရုံ၊ အလုပ်ရုံများကို စိစစ်အကဲဖြတ်ပြီး ချီးမြှင့်သည့် အသိအမှတ်ပြုဆု ဖြစ်ကြောင်း။
ASEAN-OSHNET Excellent Award ထူးခြားစွမ်းဆောင်ဆုကို မည်သည့်လုပ်ငန်းမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး Best Pratices Award ကောင်းမွန်သည့် အလေ့ အထကျင့်စဉ် စွမ်းဆောင်ဆုကို အသေးစား အလတ်စား လုပ်ငန်း များကသာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း။
ဝန်ကြီးဌာနမှ ASEAN-OSHNET Award ဆု ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်း ရှင်များအနေဖြင့် ASEAN-OSHNET Award များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နိုင်ငံ ပိုင် သတင်းစာများမှ ထည့် သွင်း ကြော်ငြာသွားမည်ဖြစ် ကြောင်း။
ASEAN-OSHNET Awards ချီးမြှင့်ခြင်းကို (၂)နှစ်လျှင် တစ်ကြိမ်သာ ပေးအပ်၍ ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၁ ခုနှစ်တို့တွင် (၃)ကြိမ် ပေးအပ်ပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်၂၀၁၆ ခုနှစ်တွင် Excellence Award ကို FAME ဆေးဝါးစက်ရုံ၊ Best Practices Award ကို TOYO Battery စက်ရုံ တို့ကလည်းကောင်း၊ ၂၀၁၈ ခုနှစ် တွင် Excellence Award ကို United Paint Group အိမ်သုတ် ဆေးစက်ရုံ၊ Best Practices Award ကို Unilever (Myanmar) စားသောက်ကုန်နှင့် အလှပြင် ပစ္စည်းစက်ရုံတို့က လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် Excellence Award ကို RVK Meditech Co.,Ltd ဆေးဝါးစက်ရုံ၊ Best Practices Award ကို Jotun Myanmar အိမ်သုတ်ဆေးစက်ရုံ တို့ကလည်းကောင်း ရယူနိုင်ခဲ့ပြီး အာဆီယံ ဒေသတွင်းအဆင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြောင်းကို ပြသနိုင်ခဲ့ကြောင်း။
စတုတ္ထ အကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုကို ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အလှည့် ကျ အိမ်ရှင်အဖြစ် တာဝန်ယူ ပေးအပ် ချီးမြှင့်သွားမည့်အပြင် (၂၃) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် ညှိနှိုင်းရေးအဖွဲ့အစည်း အဝေး၊ (၉) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ညီလာခံတို့ကိုလည်း အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း။
လုပ်ငန်းရှင်များ အနေဖြင့် ASEAN-OSHNET Awards ဆု များ ရယူပြီး မြန်မာနိုင်ငံ၏ အာဆီယံအဆင့် ယှဉ်ပြိုင်နိုင်စွမ်း ပုံရိပ်ကို ဆက်လက်ထိန်းသိမ်း နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် တက်ရောက် လာသည့် ဌာနဆိုင်ရာ တာဝန်ခံ များက ASEAN-OSHNET Awards နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး စက်မှုဇုန်များမှ ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များက သိရှိ လိုသည်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်