 
ရန်ကုန်  ဩဂုတ်  ၂၈
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဒေသတွင်း အဆင့်မြင့် ဆုံးပြိုင်ပွဲဖြစ်သည့်   Asean Cup 2024 ပြိုင်ပွဲ    ကျင်းပမည့်ရက် အတည်ပြုလိုက်ပြီဖြစ်ပြီး မြန်မာ အသင်းသည် အင်ဒိုနီးရှားအသင်း နှင့် စတင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကို  ယခင်က  နိုဝင်ဘာ ၂၃ ရက်မှ   ဒီဇင်ဘာ ၂၁  ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၅ ရက် အထိ  ပြောင်းလဲကျင်းပမည်ဖြစ် သည်။
ပြိုင်ပွဲကို   အုပ်စု   နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေး ရှား၊   စင်ကာပူ၊   ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်း၊ အုပ်စု (ခ) တွင်   ဗီယက်နမ်၊   အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့်လာအိုအသင်း တို့ ပါဝင်နေသည်။ ခြေစစ်ပွဲအဖြစ် တီမောနှင့်  ဘရူနိုင်းအသင်းတို့ အောက်တိုဘာတွင် နှစ်ကျော့စနစ် ဖြင့်  ကစားမည်ဖြစ်ပြီး   အနိုင်ရ သည့်အသင်းမှာ နောက်ဆုံးအဆင့် တက်လှမ်းခွင့်ရမည်   ဖြစ်သည်။ အုပ်စုပွဲစဉ်များကို   ဒီဇင်ဘာ  ၈ ရက်မှ ၂၁ ရက်၊   ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၂၆၊ ၂၇ ရက်၊    ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၉၊ ၃၀ ရက်၊ ဗိုလ်လုပွဲ ပထမအကျော့ကို ဇန်နဝါရီ ၂ ရက်၊ ဒုတိယအကျော့ကို ဇန်နဝါရီ ၅ ရက်တွင်  ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများ  အနေဖြင့် အုပ်စုလေးပွဲကို  အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအိုတို့နှင့်ပွဲများကို အိမ်ကွင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ နှင့်ပွဲများကို  အဝေးကွင်းကစား ရမည်ဖြစ်သည်။ မြန်မာအသင်း သည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင်   လာအို အသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ယင်းပြိုင်ပွဲမတိုင်မီ   နိုင်ငံ တကာခြေစမ်းပွဲများ  ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး  ယခင်နည်းပြ ချုပ်  ဂျာမနီနိုင်ငံသား   ဖိုက်အွန် ဘိုင်နာနှင့်   လမ်းခွဲထားသဖြင့် နည်းပြချုပ်သစ် ပြန်လည်ခန့်အပ် ရမည်ဖြစ်သည်။ လာမည့် Asean Cup 2024   ပြိုင်ပွဲမှာ   မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် သစ်၏    ပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။
ကိုညီလေး၊ ဓာတ်ပုံ-သော်လေး
 
      


