
နေပြည်တော် ဇန်နဝါရီ ၁၃
ASEAN Framework Agreement on the Facilitation of Goods in Transit(AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ် ဖြတ်ကျော် မော်တော်ယာဉ်များ အတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံလက်ခံခြင်းနှင့် လျော်ကြေး ပေးချေခြင်းများအား ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက် မည့် နယ်စပ်ဖြတ်ကျော် မော်တော် ယာဉ်အာမခံ မိတ်ဆက်ခြင်းအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံ လုပ်ငန်း (ရုံးချုပ်)၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ အာမခံ လုပ်ငန်း ကြီးကြပ်ရေးဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အာမခံအသင်းဥက္ကဋ္ဌနှင့် အထွေထွေ အာမခံကုမ္ပဏီများမှ ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာမော်တော် ယာဉ်အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံထဲတွင် ACMI System ကို Digital Platform တည်ဆောက်ပြီး အသုံးပြုနိုင် သည့် နိုင်ငံလေးနိုင်ငံထဲတွင် မြန်မာ နိုင်ငံ ပါဝင်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က Vietnam နိုင်ငံ Halong မြို့၌ ကျင်းပပြုလုပ်ခဲ့ သော 24th Council of Bureaux Meeting တွင် ကြေညာခဲ့ပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ် ကျော် မော်တော်ယာဉ်အတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံအကာအကွယ်ကို Online Channel မှတစ်ဆင့် ဝယ်ယူနိုင်ပြီ ဖြစ်သည့်အတွက် အချိန်ကုန်၊ လူပင်ပန်းမှု နည်းပါးသွားမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အတွက် ဝင်ငွေ ကိုလည်း ပိုမိုရှာဖွေနိုင်မည်ဖြစ် ကြောင်း၊ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များကြောင့် မြန်မာ ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်လာခဲ့လျှင် ငွေကြေးတစ်စုံတစ်ရာ အထောက် အပံ့ဖြစ်စေမည့် နစ်နာကြေး ပေးချေခြင်းကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံနှင့် ပြည်သူ အတွက် အကျိုးရှိစေမည့် လုပ်ငန်း ဖြစ်ကြောင်း၊ အာဆီယံနယ်နိမိတ် တစ်လျှောက် ကုန်စည်သယ်ယူ ပို့ဆောင်နေကြသည့် မော်တော် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း များအတွက် ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းသာစွာ သွားလာနိုင် ရန်နှင့် အာဆီယံသယ်ယူပို့ဆောင် ရေး သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ရန် အတွက် ASEAN’s spirit ဖြစ်သည့် “One Vision, One Identity, One Community” အစီအစဉ်အနေ ဖြင့် ဆောင်ရွက်ပေးမည့် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာ စကားပြောကြားပြီး မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးက Video Clip ဖြင့် ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ ဝင်များသည် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံ မိတ်ဆက် ခြင်းအစီအစဉ်ကို စက်ခလုတ်နှိပ် ၍ ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ASEAN Compulsory Motor Insurance (ACMI) System မှ တစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ် ကျော် မော်တော်ယာဉ်အာမခံ အား လက်ခံဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အတွင်းသို့ ဝင်ရောက်လာ မည့် နယ်စပ်ဖြတ်ကျော် မော်တော် ယာဉ်များမှ အာမခံပရီမီယံကြေး များရရှိသကဲ့သို့ ထိုမော်တော် ယာဉ်များကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိ သူများအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာ ကြေးအား ပေးချေနိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား စီးပွား ရေး ပေါင်းစပ်မှုများနှင့်အညီ ကုန်စည်စီးဆင်းမှုများ တိုးတက် လာစေခြင်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် လာစေရေးအတွက် အထောက် အကူပြုပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်