အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးနှင့်စပ်လျဉ်း၍ Video Conference ကျင်းပ


 

နေပြည်တော် သြဂုတ် ၂၅


အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကိစ္စနှင့်စပ်လျဉ်း ၍ ယမန်နေ့ နံနက်ပိုင်းက Video Conference ဖြင့် ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိ ကြီးများ၊ CTFMR ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren ၊ မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ကိုယ်စားလှယ် Ms. June Kunugi နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂ဝဝ၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန် ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ နှစ်စဉ်အစီရင်ခံစာ၌ ကလေး စစ်သည် စုဆောင်းမှုနှင့် အသုံးပြုခြင်း စာရင်းတွင် ထည့်သွင်းထားရှိခဲ့သည့် မြန်မာ့တပ်မတော်အား ၂ဝ၂ဝ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် အဆိုပါစာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်နှင့် CTFMR တို့ကြား ပူးပေါင်းဆောင်ရွက် ခဲ့သည့် လုပ်ငန်းရပ်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ သတင်းစဉ်