
နေပြည်တော် မေ ၃
အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းဆောင် ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် The Country Task Force on Moni-toring and Reporting - CTFMR တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းဆောင် ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီး အောင်ခင် သိန်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှ ကိုယ်စားလှယ် အရာရှိကြီး များ၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေး မှူးရုံး(UNRCO)မှ Head of the Resident Coordinator’s Office ဖြစ်သူ Mr. Peter Barwick ဦးဆောင်သည့် ကုလသမဂ္ဂ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အရွယ် မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် CTFMR တို့အကြား အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းဆောင် ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်