
တဲလ်အဗီး နိုဝင်ဘာ ၄
ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားများ သေဆုံး ဒဏ်ရာရမှုများအတွက် စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစ္စရေးခေါင်းဆောင်များကို ပြောကြားလိုက်ပြီး ပါလက်စတိုင်းများကို ကာကွယ်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဖြင့် တိုက်ခိုက်မှုများကို ခေတ္တ ရပ်ထားရန် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အား နိုဝင်ဘာ ၃ ရက်က တိုက်တွန်းပြောကြားလိုက် သည်။
ဘလင်ကန်သည် အောက်တိုဘာလအတွင်းက ဟားမားစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ စတင်အပြီး အစ္စရေးနိုင်ငံသို့ တတိယအကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်သည်။
ဘလင်ကန်က တိုက်ပွဲများခေတ္တရပ်ထားရန် ပြောကြားခဲ့သော်လည်း အစ္စရေးတပ်ဖွဲ့များက ဂါဇာကမ်းမြောင်ကို မြေပြင်၊ ပင်လယ်နှင့် ဝေဟင်တို့မှ ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ဟားမားစ်တိုက်ခိုက်ရေးသမားများ အသုံးပြုသည့် ဥမင်လိုဏ်ခေါင်းများကိုလည်း ဖျက်ဆီးလျက်ရှိ သည်။
ဝန်ကြီးချုပ် နေတန်ယာဟုကလည်း မိမိတို့ အနေဖြင့် စွမ်းအားရှိသမျှ ဆက်လုပ်သွားမည်ဖြစ်ပြီး အစ္စရေးဓားစာခံများပြန်ပေးမည့် ယာယီအပစ် အခတ်ရပ်စဲရေးကိုလည်း ငြင်းဆိုထားကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။
ဘလင်ကန်သည် ပဋိပက္ခများ မပြန့်ပွားစေရေး ဆွေးနွေးရန် ဂျော်ဒန်နိုင်ငံသို့ ဆက်လက် သွားရောက်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ