နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးမှ   ဆေးရုံအုပ်ကြီး   ဒေါက်တာမျိုးဇော်ဦး   ဦးစီးဆရာဝန်  ၄၀  နှင့် သူနာပြု ၈၀   တို့သည်  ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ၎င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး CDM လှုပ်ရှားမှု တွင် ပါဝင်ခဲ့သဖြင့်   ဒေသခံပြည်သူများအနေဖြင့်  ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိရာ တာဝန်ရှိသူများက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံများမှ ဆရာဝန်များနှင့် သူနာပြုများအား လာရောက်ကုသ   ပေးနိုင်ပါရန် အကူအညီတောင်းခံလာခဲ့သည်။ 
ထိုသို့   အကူအညီတောင်းခံလာမှုကြောင့်    တိုင်းစစ်ဌာနချုပ်    နယ်မြေအတွင်းရှိ     တပ်မတော်ဆေးရုံများမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စနစ်တကျစုဖွဲ့ပြီး ယနေ့ စေလွှတ်၍   အဆိုပါဆေးရုံ၌  ရောဂါဝေဒနာခံစားနေရသည့်  ဒေသခံပြည်သူများအား   လိုအပ်သည့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ     ဆောင်ရွက်စေခဲ့ရာ  ဒေသခံပြည်သူများက    လှိုက်လှိုက်လှဲလှဲ   ကြိုဆိုခဲ့ကြကြောင်း နှင့်   ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်
      


