
နေပြည်တော် နိုဝင်ဘာ ၂၄
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်း တွင် ဖွင့်လှစ်သည့် လက်ထောက် စာရင်းစစ်မှူးများ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနား တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် က ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးသည် ပြည်သူ့ဘဏ္ဍာငွေစီမံ ခန့်ခွဲမှု ကောင်းမွန်စေရန် စစ်ဆေး ခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်း ပေးလျက်ရှိရာ ယခု နိုင်ငံတော် တည်ဆောက်ရေး ကာလအတွင်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ တွင်လည်း လေလွင့်ဆုံးရှုံးမှုမရှိ စေရေးအတွက် စာရင်းစစ်များ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းထိန်း ကျောင်းပေးရမည် ဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် နေသည့် ပညာရပ်များကို ဆက် လက်လေ့လာဆည်းပူး၍ ပြည်သူ့ အကျိုး၊ ဌာနအကျိုး သယ်ပိုး ဆောင်ရွက်နိုင်သည့် အရည်အသွေး ပြည့်ဝသော စာရင်းစစ်ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစား ကြစေလိုပါကြောင်းမှာကြားသည်။
အဆိုပါသင်တန်းကို စာသင် ခန်းတက်ရောက် (Face To Face) ဖြင့် တစ်လကြာ ဖွင့်လှစ်သင် ကြားခဲ့ပြီး ရုံးချုပ်၊ ပြည်ထောင်စု နယ်မြေအတွင်းရှိ စာရင်းစစ်ရုံး နှင့် ဒေသစာရင်းစစ်ရုံးအသီးသီးမှ သင်တန်းသား ၂၉ ဦး တက်ရောက် ပြီးမြောက်ခဲ့သည်။
သင်တန်းဆင်းပွဲသို့ ဒုတိယ စာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်း ဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသား များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်