အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်း

 

ရန်ကုန်    ဇွန်   ၁၂ 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့    နံနက်ပိုင်းတွင်     ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်  Sima   ပရိဘောဂထုတ်လုပ်ရေး စက်ရုံရှိ ရုံးသုံး၊ ကျောင်းသုံး၊ အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုကို  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ပရိဘောဂထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဈေးကွက် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပရိဘောဂ ထုတ်လုပ်နေမှု    လုပ်ငန်းအဆင့်ဆင့်ကို    ကြည့်ရှု စစ်ဆေးပြီး အရည်အသွေးပြည့်ဝသော ပရိဘောဂ ကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက် ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပ ဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားသည်။

 


ညှိနှိုင်းပေါင်းစပ်


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ Diamond Mercury Wood Products ၏ သစ်အချောထည်စက်ရုံသို့ရောက်ရှိ ရာ  စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို              ရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


 ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံ အတွင်း    လှည့်လည်ကြည့်ရှုပြီး    စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်း အဖြစ်အသုံးပြု၍      တန်ဖိုးမြှင့်သစ်အချောထည် တံခါးနှင့်     ကျည်းပေါင်များ   ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


အဆင့်မြှင့်တင်ဆောင်ရွက်


နေ့လယ်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဟာဗျူဟာ မြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့်နည်း ပညာသုံး ဓာတ်သတ္တုတွင်းထွက်များနှင့်ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်းမှုများကိုရှာဖွေ ရေး၊    စမ်းသပ်တိုင်းတာရေး၊    ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းစဉ်များ     တိုးမြှင့်ဆောင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နည်း ပညာနှင့်   စမ်းသပ်တိုင်းတာရေးပစ္စည်းများ   ပိုမို အဆင့်မြှင့်တင် ဆောင်ရွက်ရန် မှာကြားသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တု ဓာတ်ခွဲခန်းများတွင် ကွင်းဆင်းဒေသများမှ‌ ပေးပို့လာ သော ဓာတ်သတ္တုနမူနာများ ဓာတ်ခွဲစမ်းသပ်နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ ကျောက်မျက်ရတနာပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြတိုက်ဆိုင်ရာအချက် အလက်များနှင့်  ပြတိုက်ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

                           
သတင်းစဉ်