အရင်း၊ အတိုးပေးဆပ်ရန် ပျက်ကွက်သောချေးငွေ (Non-Performing Loans) ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး

 

နေပြည်တော်   မတ်    ၃


အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-Performing Loans) ဖြေရှင်း ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက  မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ရန်ကုန်ဘဏ်ခွဲရှိ Training Centre ၌ ကိုဗစ် - ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များမှ ကိုယ်စားလှယ် များ၊ ငွေရေးကြေးရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်သည်။

 


အဆိုပါ    Workshop    တွင် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က နိုင်ငံတကာ၌ Non-Perfor-ming Loans(NPLs)  အဓိပ္ပာယ် သတ်မှတ်ချက်နှင့် NPLs ဖြေရှင်း ဆောင်ရွက်သည့် ဗဟိုဘဏ်များ ၏   မူဝါဒဆိုင်ရာ   နည်းလမ်းများ ကိုလည်းကောင်း၊    မြန်မာနိုင်ငံ၌  ကိုဗစ်-၁၉   ရောဂါ   ဖြစ်ပွားပြီး နောက်ပိုင်းတွင်   ပုဂ္ဂလိကဘဏ် များ၏   NPLs    ပြောင်းလဲမှုနှင့် ယင်းချေးငွေများကို    ပုဂ္ဂလိက ဘဏ်များက       ဖြေရှင်းရမည့် နည်းလမ်းများနှင့် Restructuring  နှင့်    Rescheduling      ဆောင် ရွက်လျက်ရှိရာတွင်      လိုက်နာ ဆောင်ရွက်ရမည့်      စည်းမျဉ်း စည်းကမ်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။ 

 


ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တာဝန်ရှိသူများက  NPLs ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက်   မြန်မာနိုင်ငံတော်  ဗဟို ဘဏ်က     ထုတ်ပြန်ထားပြီးဖြစ် သည့်          အကြံပြုချက်များနှင့်  ညွှန်ကြားချက်များကို  ရှင်းလင်း ဆွေးနွေးသည်။    ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် သူများက   ဌာနအလိုက်၊   ဘဏ် အလိုက် NPLs ဖြေရှင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍     သိရှိလိုသည်များ မေးမြန်းပြီး     လိုအပ်သည်များ ဆွေးနွေး      အကြံပြုကြသည်။

 

ယင်းနောက်        မြန်မာချေးငွေ သတင်း       အချက်အလက်ဌာန (Myanmar   Credit    Bureau) ဥက္ကဋ္ဌက ဘဏ်များ၏ ချေးငွေ သတင်းအချက်အလက် ပေးပို့မှု နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြီး ဒုတိယဥက္ကဋ္ဌက ဘဏ်လုပ်ငန်း ကဏ္ဍတည်ငြိမ်စေရန်နှင့် ပုဂ္ဂလိက ဘဏ်များ၏     ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက် စေရန်     မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်    ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း   ဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်