အရိုးရှင်းဆုံး ဝါးမီးသွေးဖုတ်နည်းနှင့် ကျန်းမာရေးအတွက် ဝါးမီးသွေး၏ အံ့မခန်းအသုံးဝင်မှု

Type
77

 

ဇော်ဘီ

 

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် တတိယ ဝါးအပေါဆုံးနိုင်ငံအဖြစ် ပြောစမှတ်ပြု ကြသည်။ သို့သော် ဝါးမှရသည့်ဝင်ငွေ သည် မပြောပလောက်ပေ။    အဘယ့် ကြောင့်ဆိုသော်   ဝါးနှင့်ပတ်သက်၍ တန်ဖိုးမြင့်ထုတ်ကုန်များကို သေချာစွာ မထုတ်လုပ်နိုင်ခြင်းကြောင့်    တစ်မျိုး၊ ‌ဝါး၏ ဈေးကွက်       မခိုင်မာခြင်းတို့ကြောင့် တစ်မျိုးဖြစ်ပေသည်။ ယခုအခါ ဝါးနှင့် ပတ်သက်၍ တန်ဖိုးမြင့်ထုတ်ကုန်များကို အဖွဲ့အစည်းအသီးသီးနှင့်   လုပ်ငန်းရှင် အသီးသီးတို့က ရှာဖွေဖော်ထုတ်လျက် ရှိပြီး ဈေးကွက်အတွင်း ခိုင်မာစေရန် ပညာပေးခြင်း၊ သင်တန်းပေးခြင်းများကို တွင်တွင်ကျယ်ကျယ်    ပြုလုပ်လာကြ သည်။ 

 


ထိုသို့ ဝါးနှင့်ပတ်သက်ပြီး သင်တန်း ပေးသည့်အပိုင်းတွင် ဝါးမီးသွေးဖုတ်ခြင်း လည်းပါ၀င်သည်။         မြန်မာနိုင်ငံတွင် ဝါးမီးသွေး၏  ကျန်းမာရေးအထောက် အကူပြုခြင်းများကို ထဲထဲဝင်ဝင်  မသိ သေးကြသည့်အတွက်          ဝါးမီးသွေး ဈေးကွက်သည်လည်း    စတင်အစပျိုး လျက်ရှိသည်။


ဝါးမီးသွေးဖုတ်ရာတွင် ဝါးကောင်း ဝါးသန့်များကို ဖုတ်ရန်မလိုဘဲ    စွန့်ပစ် ဝါးများကိုသာ အသုံးပြု၍ရနိုင်သည်။ 

 


ဝါးမီးသွေးဖုတ်ခြင်းနှင့် ပတ်သက်၍ သင်တန်းများပေးလျက်ရှိသည့် မြန်မာ နိုင်ငံ     ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ ဦးဝင်းကျော်ဦးက ‘‘ဝါးမီးသွေးပြုလုပ်ဖို့ ဦးစွာပြုလုပ်တဲ့အဆင့်ဟာ        ဝါးကို အခြောက်ခံတဲ့အဆင့်       ဖြစ်ပါတယ်။ အဲဒီနောက်မှာ မီးဖိုအပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်မှ ၁၅၀  ဒီဂရီစင်တီဂရိတ် အထိ  ထားရှိရပါတယ်။ ယင်းအတိုင်း ထားရင်   ဓာတုဖြစ်စဉ်ပြောင်းလဲမှုမရှိဘဲ ဝါးမီးသွေးရဲ့ ဂုဏ်သတ္တိနဲ့ အချိုးကျမှုကို ရရှိပါတယ်။ ဖိုအပူချိန် ၁၅၀  ဒီဂရီစင်တီ ဂရိတ်ကနေ ၁၇၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရင်    ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ ရေအနည်းငယ် ကို ပြောင်းသွားပါတယ်။ ဖိုအပူချိန်   ၂၇၀   ဒီဂရီစင်တီဂရိတ်ကနေ   ၄၅၀   ဒီဂရီ စင်တီဂရိတ်ကိုရောက်ရင်      ဓာတ်ပြိုကွဲ ပစ္စည်းများ ထွက်လာပါတယ်။ အပူချိန် ၄၅၀   ဒီဂရီစင်တီဂရိတ်ကနေ   ၁၀၀၀   ဒီဂရီစင်တီဂရိတ်အထိ ရောက်သွားပြီ ဆိုရင်    ဝါးမီးသွေးရှိဓာတ်ပစ္စည်းတွေဟာ ဓာတ်ငွေ့အဖြစ်ကို        ပြောင်းလဲသွားပါ တယ်။ အဲဒီလို ပြောင်းလဲသွားတဲ့အခါ အပူချိန်ကို လျှော့ချနိုင်ပါတယ်။    ၈၀၀ ဒီဂရီစင်တီဂရိတ်ကနေ   ၁၀၀၀  ဒီဂရီ စင်တီဂရိတ်အထိ    အပူ‌ပေးထားတဲ့ ဝါးမီးသွေးဟာ လူသားတွေရဲ့ ကျန်းမာ ရေးအတွက်    အထောက်အကူပြုတဲ့    ဓာတုဓာတ်ကင်းစင်တဲ့     ဝါးမီးသွေး အဖြစ် ရောက်ရှိသွားပါတယ်’’ဟု   ပြော သည်။

 


ဝါးမီးသွေးပြုလုပ်ရာတွင် အလွယ် ကူဆုံးနည်းမှာ စားအုန်းဆီ ၁၀ ပိဿာ ထည့်သည့်ပုံး သို့မဟုတ် သ‌င်္ဘောဆေး ထည့်သည့်ပုံးအတွင်း ဝါးလုံးကို ဆံ့ဝင် နိုင်‌စေရန်       ဖြတ်တောက်ကာထည့်ပြီး အဖုံးကို    လုံအောင်ပိတ်ထားရသည်။ ထို့နောက် မီးသွေးဖုတ်သောပုံးအရွယ် ကိုမူတည်ကာ အဖုံးတွင်   လိုအပ်သည့် တစ်လက်မ     လေးပုံတစ်ပုံအပေါက် သို့မဟုတ်   တစ်လက်မ    နှစ်ပုံတစ်ပုံ အပေါက်ဖောက်ပေးရသည်။ ယင်းနောက် ထင်းမီးအုံကာ         အပေါ်အပေါက်ကို ချန်လှပ်ထားပြီး မီးရှို့ပေးရသည်။ 

 


“အစပိုင်းမှာ        မီးခိုးအဖြူတွေ ထွက်လာပါတယ်။   အပူချိန်မြင့်တက် လာတဲ့အခါ မီးခိုးရဲ့အရောင်ဟာ အပြာ ရောင် ပြောင်းသွားပါတယ်။       မီးခိုး အရောင်ကိုကြည့်ပြီး မီးသွေးဖြစ်မဖြစ် သိနိုင်ပါတယ်။   နောက်တစ်နည်းက ထင်းမီးစနဲ့ ထွက်နေတဲ့မီးခိုးကိုထိကြည့် ရင်  မီးတောက်လောင်လာပါတယ်။ ဒါဆို မီးသွေးဘဝပြောင်းသွားပါတယ်’’ ဟု ၎င်းက ပြောသည်။ 

 


ဝါးမီးသွေးဖုတ်ရာတွင်        အခြား နည်းလမ်းများမှာ   ပီပါကိုအသုံးပြုပြီး မီးရှို့သောဖိုကို အုတ်၊ မြေတို့ဖြင့် ကာ၍ မီးရှို့နိုင်သည်။   တချို့နေရာများတွင် သံပြားဖြင့် အဆင်သင့်ပြုလုပ်ထားသော ဖိုများလည်း ထုတ်လုပ်ရောင်းချလျက် ရှိသည်။

 


၈၀၀  ဒီဂရီစင်တီဂရိတ်နှင့် ၁၀၀၀ ဒီဂရီစင်တီဂရိတ်အကြား အပူပေးထား သည့် ဝါးမီးသွေး၏ အသုံးဝင်ပုံများမှာ ခေါင်းအုံး၊ မွေ့ရာအတွင်းထည့်၍ အသုံး ပြုလျှင်    အကြောများပြေလျော့စေပြီး သွေးလည်ပတ်မှုမှန်ကန်စေသည်။ တီဗွီ၊ ကွန်ပျူတာများမှ     ထုတ်လွှတ်သည့် လျှပ်စစ်သံလိုက်လှိုင်းများကို စုပ်ယူနိုင် သည်။   ဟင်းသီးဟင်းရွက်ထည့်ထား သည့် ဘူးများအတွင်းတွင် ဝါးမီးသွေး ထည့်ထားလျှင်          သုံးရက်ခန့်အထိ လတ်ဆတ်ပြီး           တာရှည်ခံစေသည်။ ရေသန့်စက်ရေစစ်များတွင် ဝါးမီးသွေး ထည့်ထားပါက  ရေကိုသန့်စင်စေကာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေပြီး ခန္ဓာကိုယ်တွင်းရှိ    အဆိပ်အတောက် များကိုဖယ်ရှားပေးသည်။ ခန္ဓာကိုယ်ကို ဝါးမီးသွေးဖြင့်ပေါင်းတင်လျှင်  အသား အရေစိုပြည်စေကြောင်း သိရသည်။

 


ဦး၀င်းကျော်ဦးက ဝါး‌မီးသွေးနှင့် ပတ်သက်၍ပြောရာတွင် “လာအိုနိုင်ငံ တွင် ၁၉၃၀ ပြည့်နှစ်ကစပြီး  ဓာတ်ငွေ့ ကာမျက်နှာဖုံးတွေကို ဝါးမီးသွေးထည့် ကာ စတင်အသုံးပြုခဲ့ပါတယ်။    ဒါတင် မကပါဘူး   တရုတ်နိုင်ငံဆိုရင်လည်း ဝါးမီးသွေးကိုအသုံးပြုပြီး       အစား အသောက်၊ အလှကုန်၊ ဆပ်ပြာမျိုးစုံနဲ့ ဆေးဝါးစတဲ့ ကုန်ချောပစ္စည်းအမျိုးပေါင်း ၁၀၀ကျော်ကို ထုတ်လုပ်ရောင်းချနေပါ တယ်။ ဂျပန်နိုင်ငံမှာလည်း  ဧည့်ခန်း သန့်စင်ခန်းတို့အပြင် အသားငါးကင်ရာ မှာ ဝါးမီးသွေးကိုအသုံးပြုကြပါတယ်။ အသားကင်ရာမှာ   ဝါးမီးသွေးသုံးခြင်း အားဖြင့်  အညှီနံ့ကင်းစင်ပြီး  အရသာ ကောင်းတဲ့အသားကင်ကို  ရရှိပါတယ်’’ ဟု ပြောသည်။

 


ယနေ့ခေတ်တွင်     ဝါးမီးသွေးကို အစားအသောက်များ၊ ကိတ်မုန့်၊ ရေခဲ မုန့်တို့တွင် ထည့်သွင်းကာ   ပြုလုပ်လာ ကြသည်။    ထိုဝါးမီးသွေးထည့်သွင်း ပြုလုပ်သည့် အစားအစာများကို  စားသုံး လျှင် ခန္ဓာကိုယ်ရှိ မကောင်းသည့် အနံ့ အသက်များကို ကင်းစင်ကာ  အစာအိမ် လမ်းကြောင်းကို          သန့်ရှင်းစေပြီး ကျန်းမာရေးအတွက် များစွာအထောက် အကူပြုကြောင်း သိရသည်။