
နေပြည်တော် ဩဂုတ် ၁၇
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ပြည့်ဇာနည်အားကစားခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဆုများပေးအပ်ချီးမြှင့်
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်အကောင်းဆုံး ဆုများ၊ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အသင်းများ၊ ဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယှဉ်ပြိုင်ကစားခဲ့
အဆိုပါတိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ဩဂုတ် ၁၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်