အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ယွန်းအတတ်ပညာများကို သင်ကြားပို့ချပေးနေသည့် ယွန်းပညာကောလိပ်(ပုဂံ)မှ ယွန်းအတတ်ပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချ

 

မန္တလေး   ဒီဇင်ဘာ   ၆


အရှေ့တောင်အာရှတွင်  တစ်ခု တည်းသော   ယွန်းအတတ်ပညာ များကို သင်ကြားပို့ချပေးနေသည့် ညောင်ဦးခရိုင်   ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်(ပုဂံ)မှ  ယွန်း အတတ်ပညာ    ဒီပလိုမာတစ်နှစ် သင်တန်း၊ နှစ်နှစ်သင်တန်းများကို ပုံမှန်  ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဒီပလိုမာ      တစ်နှစ်သင်တန်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း  ယွန်းပညာကောလိပ် (ပုဂံ) ကျောင်းအုပ်ထံမှ သိရသည်။ 

 


၁၉၂၄- ၁၉၂၅ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ  အခြေခံ     ယွန်းပညာသင်တန်း ၁၀၆၅ဦး၊ အထက်တန်းယွန်းပညာ သင်တန်း ၁၃၃ ဦး၊ ယွန်းအတတ် ပညာဒီပလိုမာသင်တန်း ၁၂၄ ဦး၊ ယွန်းအတတ်ပညာဒီပလိုတစ်နှစ် သင်တန်း(ဘွဲ့ရ) ၅၀၊ ယွန်းအတတ် ပညာဒီပလိုမာ  နှစ်နှစ်သင်တန်း (တက္ကသိုလ်ပေါင်းကူး)   ၁၁၉၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 
“ဒီပလိုမာ  တစ်နှစ်သင်တန်း ကို   ဒီဇင်ဘာလထဲမှာ   ဖွင့်သွား မှာပါ။        တက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိပြီးသူတွေ လျှောက်နိုင်ပါ တယ်။ ဒီပလိုမာနှစ်နှစ်သင်တန်း ကတော့   တက္ကသိုလ်ဝင်စာမေး ပွဲကို  ဘယ်ဘာသာတွဲနဲ့ပဲဖြစ်ဖြစ် အောင်မြင်ပြီးသူတိုင်း လျှောက်နိုင် တယ်။ နှစ်နှစ်သင်တန်းမှာ  စီမံ ခန့်ခွဲမှုပညာဘာသာရပ်၊   သတင်း အချက်အလက်နှင့်    နည်းပညာ ဘာသာရပ်တွေကိုပါ   သင်ကြား ပို့ချပေးမှာပါ။ အဆောင်နေထိုင် ခွင့်တွေကိုလည်း   ရရှိမှာ   ဖြစ်ပါ တယ်။    အောင်မြင်ပြီးသူတွေဟာ   သန်လျင်နဲ့      စစ်ကိုင်းမှာရှိတဲ့ သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာ တက္ကသိုလ်တွေမှာ တတိယနှစ်သို့ ပေါင်းကူးတက်ရောက်    သင်ကြား ခွင့်ရရှိမှာပါ”ဟု   ကျောင်းအုပ်    ဒေါ်နီလာမြင့်က ပြောသည်။

 


ယွန်းပညာ          ကောလိပ် တက်ရောက်ခြင်းဖြင့်   အမျိုးသား ယဉ်ကျေးမှု     လက္ခဏာတစ်ရပ် ဖြစ်သော ပန်းယွန်းအနုပညာကို သင်ယူခြင်းဖြင့် မျိုးချစ်စိတ်ဓာတ် မြင့်မားစေခြင်း၊ စီးပွားရေးစီမံခန့် ခွဲမှုပညာရပ်များကို     လေ့လာ တတ်မြောက်စေခြင်းဖြင့် ပြည်တွင်း ပြည်ပဈေးကွက်များကို လေ့လာ  သင်ယူနိုင်ခြင်း၊ စီးပွားရေးနယ်ပယ် တွင် လက်တွေ့အသုံးချနိုင်သည် အထိ  တတ်မြောက်ကျွမ်းကျင်မှု ရှိခြင်း၊  ယွန်းလက်မှုအနုပညာကို      တတ်မြောက်ကျွမ်းကျင်ခြင်းဖြင့်    နိုင်ငံတကာ အနုပညာတက္ကသိုလ် များနှင့်   ချိတ်ဆက်ဆောင်ရွက် နိုင်ခြင်း၊ အရှေ့တောင်အာရှ ယွန်း ထုတ်လုပ်သည့်     နိုင်ငံများနှင့်      နည်းပညာဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း  စသည့်  အကျိုး ကျေးဇူးများ  ရရှိမည်ဖြစ်သည်။

 


မြန်မာ့ရိုးရာ  လက်မှုအနုပညာ တစ်ခုဖြစ်သော ယွန်းထည်လုပ်ငန်း အတတ်ပညာနှင့် နည်းစနစ်များ ကို တိမ်ကောပပျောက်မှုမရှိစေရန်   အစဉ်ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ယွန်းထည်လုပ်ငန်း    အတတ်သင်ကျောင်းကို ၁၉၂၄ ခုနှစ် က စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်  မြန်မာ့ယွန်းသိပ္ပံအဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင်    ယွန်းပညာကောလိပ်သို့    တိုးမြှင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


မောင်အေးချမ်း