
နေပြည်တော် ဇူလိုင် ၂၈
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) ၏ (၆) ကြိမ်မြောက်ထိပ်သီးအစည်းအဝေး (the 6th ASEANSAI Summit) အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ASEANSAI အဆင့်မြင့် အရာရှိကြီး များ၏ (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) ကို ယနေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
ပါဝင်တက်ရောက်
အစည်းအဝေးသို့ အာဆီယံ (၁၀) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စား လှယ်များ တက်ရောက်ကြပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင် တက်ရောက်ကြသည်။
တက်ကြွစွာပါဝင်ဆောင်ရွက်
အစည်းအဝေး၌ အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မလေးရှား နိုင်ငံစာရင်းစစ်ချုပ် H.E. Datuk Nik Azman bin Nik Abdul Majid က စတင်ဖွဲ့စည်းသည့် ကာလ မှစ၍ ၁၀ နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ အကြား အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ခဲ့ပြီး အရေးပါသည့် ကိစ္စရပ် များကိုလည်း ဆွေးနွေးဖြေရှင်း၍ အဖွဲ့၏ရည်မှန်း ချက်များ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှေ့လာမည့်ကာလများတွင်လည်း တက်ကြွစွာပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် အဖွဲ့အတွင်းရေးမှူးရုံး၏ Head of ASEANSAI Secretariat ဖြစ်သူ Mr. Bahtiar Arif က နှုတ်ခွန်းဆက်စကားပြောကြားပြီး သဘာပတိ အဖြစ် ဆက်လက်ဆောင်ရွက်သည်။ အစည်းအဝေး တွင် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ် နည်းများပြင်ဆင်ချက် (မူကြမ်း) ၊ အဖွဲ့၏ မဟာ ဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)နှင့် အသိပညာမျှဝေ ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့၏ ကော်မတီများဖြစ်သည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ကော်မတီ၊ မဟာဗျူဟာစီမံကိန်းကော်မတီ၊ လေ့ကျင့် သင်ကြားရေးကော်မတီ၊ အသိပညာ မျှဝေရေး ကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် အတွင်းရေး မှူးရုံးတို့၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် လုပ်ငန်း စီမံချက်(မူကြမ်း)နှင့် အဖွဲ့၏ ဥပဒေရေးရာ ဆောင်ရွက်နိုင်မှုအပေါ် စိစစ်လေ့လာမှုတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ရာ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဆင့်မြင့် အရာရှိကြီး များ၏ (၆) ကြိမ်မြောက်အစည်းအဝေး၊ ဒုတိယနေ့ကို ဇူလိုင် ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။
ယနေ့ကျင်းပခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် အထောက်အကူပြု အစည်းအဝေးတို့ကို ယမန်နေ့ကလည်း မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်