အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး ဆက်လက်ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၉


အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) အဆင့်မြင့် အရာရှိကြီးများ၏    (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) နောက်ဆုံးနေ့ကို ယမန်နေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။

 


အစည်းအဝေးသို့   အာဆီယံ  (၁၀)  နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ        ဦးဆောင်သည့် ကိုယ်စားလှယ်များတက်ရောက်ကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊   ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့သည်။

 


အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (the 6th ASEANSAI Summit) ကျင်းပမည့်နေ့ရက်ကို လာမည့် (၂) နှစ်တာကာလ အတွင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက   အဆိုပြုရာ အဖွဲ့ဝင်နိုင်ငံများက အတည်ပြုခဲ့ကြသည်။

 


ဆက်လက်၍ လာမည့် (၂) နှစ်တာကာလတွင် အဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် မည့်  စာရင်းစစ်ချုပ်ရုံးနှင့်  ကော်မတီအသီးသီး၏ ဥက္ကဋ္ဌအဖြစ်  တာဝန်ယူဆောင်ရွက်မည့်  စာရင်း စစ်ချုပ်ရုံးများ ခန့်အပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ      အဆင့်မြင့်အရာရှိကြီးများက ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြသည်။ 

 


ထို့နောက် ၂၀၂၀ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းများ (မူကြမ်း)၊ အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းများကို   စစ်ဆေးရန်အတွက် စာရင်းစစ်ခန့်အပ်ခြင်း၊ လာမည့် (၂) နှစ်တာကာလ အတွက် ဘတ်ဂျက်လျာထားချက်၊ အာဆီယံနိုင်ငံများ အကြား  ပြည်သူပိုင်ကဏ္ဍစာရင်းစစ်အဖွဲ့အစည်း များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်  နိုင်ငံတကာစာရင်း စစ်ချုပ်ရုံးများ လိုက်နာရမည့်စံများ(International Standards of Supreme Audit Institutions: ISSAI)နှင့်အညီ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာ ဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက်    ငွေကြေးနှင့်  နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီလျက်ရှိသည့်  ဆွီဒင်နိုင်ငံ စာရင်း စစ်ချုပ်ရုံး၊ နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး၊ နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကနဦးဆောင်ရွက်မှုအဖွဲ့ (INTOSAI Development Initiative: IDI)၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ စသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ဆိုင်ရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်း ဖလှယ်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

 


မွန်းလွဲပိုင်းတွင်  ASEANSAI  ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းခြင်း အကြိုအစည်းအဝေးကို ဆက်လက် ကျင်းပရာ အခမ်းအနားတွင် မလေးရှားနိုင်ငံ စာရင်း စစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး Dr. Sayed Alwee က အဖွင့်အမှာစကားပြောကြားပြီး   မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ Principle Assistant Director ဖြစ်သူ Mrs. Azizah Daud က  ASEANSAI ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရသည့် အတွေ့အကြုံ များနှင့်   အကြံပြုချက်များကို  မျှဝေပေးခဲ့သည်။    ဆက်လက်၍ အဖွဲ့၏ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူ များက ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် စာရင်းစစ်ချုပ်ရုံးများနှင့် အတွင်း ရေးမှူးရုံးတို့၏  အခန်းကဏ္ဍနှင့်  တာဝန်များကို ရှင်းလင်းတင်ပြခဲ့ပြီး     တက်ရောက်လာကြသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်   ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များက အပြန် အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက် အစည်းအဝေးအတွင်း  အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကျင်းပမည့် နေ့ရက်၊ ဆွေးနွေး မည့် အကြောင်းအရာများနှင့် ဆက်လက်ဆောင်ရွက် ရမည့်   ကိစ္စရပ်များအပေါ်   အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက    သဘောတူခဲ့ကြ ကြောင်း သိရသည်။ 

 


သတင်းစဉ်