
ဘန်ကောက် နိုဝင်ဘာ ၂
သြစတြေးလျနိုင်ငံသည် ဒေသ တွင်း နိုင်ငံများနှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရန် ကြိုးပမ်း နေချိန် အရှေ့တောင်အာရှ တစ်ဝန်း လူကုန်ကူးမှုတိုက်ဖျက် ရန်လည်း ထိုင်းနိုင်ငံနှင့် သဘော တူစာချုပ် ချုပ်ဆိုခဲ့သည်။
သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ပန်နီဝေါင်သည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် နိုဝင်ဘာ ၂ ရက်က တွေ့ဆုံခဲ့သည်။
သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် ထိုင်းဝန်ကြီးချုပ် တို့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အတူတကွ ပူးပေါင်း လုပ်ဆောင်သွားရန် အပါအဝင် ဒေသတွင်း စိန်ခေါ် မှုများအကြောင်း ဆွေးနွေး ခဲ့ကြသည်။
အရှေ့တောင်အာရှဒေသ၏ ပထမဆုံး လေ့ကျင့်ရေးသင်တန်း ကျောင်း တည်ထောင်ရေးတွင် အကူအညီပေးရန် ဝေါင်က လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လေ့ကျင့်ရေး သင်တန်းကျောင်း သည် လူမှောင်ခိုကူးခြင်းကို စုံစမ်းဖော်ထုတ်ရန် စွမ်းဆောင် ရည်များ ဖွံ့ဖြိုးတိုးတက်လာစေ မည်ဖြစ်သလို အရာရှိများကိုလည်း လူမှောင်ခိုကူးခြင်းကို တားဆီးရန် ကူညီပေးမည်ဖြစ်သည်။
အရှေ့တောင်အာရှ ဒေသ တွင်း၌ လူကုန်ကူးမှုသည် ရေရှည် ပြဿနာတစ်ရပ်ဖြစ်သည်။ ဇူလိုင် လ နှစ်စဉ်အစီရင်ခံစာတွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အဆင့်လေးဆင့် သတ်မှတ်ချက် တွင် အရှေ့တောင်အာရှ နိုင်ငံ ငါးနိုင်ငံကို အနိမ့်ဆုံးအဆင့် သတ်မှတ်ထားသည်။
အင်န်အိတ်ချ်ကေ