အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် Side Event သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်

ရန်ကုန်   သြဂုတ်   ၂၆


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင် အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ၏  ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ  လည်းကောင်း၊  Dialogue Between the Asia Forum for Human Rights and Deve- lopment (FORUM-ASIA)/ Asian NGO Network on NHRIs (ANNI) and the Southeast Asia NHRIs Forum (SEANF) ကို သြဂုတ် ၂၄ ရက်  မွန်းလွဲပိုင်း တွင်လည်းကောင်း  ဖိုရမ်၏  ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက်ရှိသော မလေးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်  က  ဦးဆောင်၍  Virtual Online Platform  ဖြင့် ကျင်းပသည်။


တက်ရောက်


လုပ်ငန်းအဖွဲ့အစည်းအဝေးသို့  ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမော လက်စ်တေနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့
အစည်းများမှ   ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊  ကော်မရှင်အဖွဲ့ ဝင်များ၊ မလေးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ  ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်း များ ပါဝင်တက်ရောက်ခဲ့ကြသည်။


လုပ်ငန်းအဖွဲ့အစည်းအဝေးတွင်  ၂၀၂၁ ခုနှစ် ဧပြီလတွင်  ကျင်းပခဲ့သော ဖိုရမ်၏  ပထမအကြိမ် လုပ်ငန်းအဖွဲ့  အစည်းအဝေးအပြီး   ဖိုရမ်အဖွဲ့ဝင် အမျိုးသား   လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အဓိက တိုးတက်ဖြစ်ထွန်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ ရသော စိန်ခေါ်မှုများကို မျှဝေဆွေးနွေးခြင်း၊ ဖိုရမ်၏ ဝက်ဘ်ဆိုက် ထူထောင်ရေးနှင့်  ဖိုရမ်၏အမှတ်အသား တံဆိပ်ဖန်တီးနိုင်ရေးကိစ္စရပ်များ၊ ၂၀၂၂ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်ရေး ကိစ္စရပ်၊ ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးနှင့် စပ်လျဉ်း၍  တိုးတက်ဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန် ကပ်ဘေးသင့် လူမှုအသိုက်အဝန်းများအတွက် စီးပွားရေး အခွင့် အရေးများဆိုင်ရာ  အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ စဉ်းစားဆွေးနွေးခြင်း၊ ဖိုရမ်နှင့် အာဆီယံ အစိုးရချင်းဆိုင်ရာ    လူ့အခွင့်အရေးကော်မရှင် (AICHR)တို့အကြား    ထိတွေ့ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသော တိုးတက်ဆောင်ရွက်မှုများ၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး  တည်ထောင်ရေးနှင့် စပ်လျဉ်း၍    တိုးတက်ဆောင်ရွက်မှုများ  သက်ကြီး ရွယ်အိုအခွင့်အရေးများ၊   ဘာသာရပ်နှင့်စပ်လျဉ်း သည့်ကိစ္စရပ်နှင့် ဖိုရမ်၏ (၁၈) ကြိမ်မြောက် နှစ်ပတ် လည် အစည်းအဝေးကျင်းပရေးကိစ္စရပ်များ  အစရှိ သော    လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့်   ကိစ္စရပ် များကို  ကိုယ်စားလှယ်အဖွဲ့များက  ဆွေးနွေးခဲ့ကြ သည်။


ရှင်းလင်းဆွေးနွေး


လုပ်ငန်းအဖွဲ့အစည်းအဝေးတွင်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက  ဖိုရမ် ၏ ပထမအကြိမ်     လုပ်ငန်းအဖွဲ့အစည်းအဝေး နောက်ပိုင်းကာလအတွင်း   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏   လူ့အခွင့်အရေးနှင့် စပ်လျဉ်းသော   ဆောင်ရွက်ချက်များနှင့်  ရင်ဆိုင် ကြုံတွေ့ရသော    စိန်ခေါ်မှုများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန် ကပ်ဘေးသင့် လူမှုအသိုက်အဝန်းများ၏ စီးပွားရေးအခွင့်အရေးများ အလားအလာ ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး  အစည်းအဝေးတွင်  ဆွေးနွေးခဲ့သည့် အခြားသော     လူ့အခွင့်အရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များက ပါဝင်ဆွေးနွေးအကြံပြုခဲ့ကြသည်။


အဓိကဆွေးနွေး


သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင်  ကျင်းပသော Dialogue Between the Asia Forum for Human Rights and Development (FORUM-ASIA)/ Asian NGO Network on NHRIs   (ANNI) and the Southeast Asia NHRIs Forum (SEANF) သို့ ဖိုရမ် အဖွဲ့ဝင်  အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ  အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ ပါဝင်တက်ရောက် ခဲ့ကြပြီး SEANF နှင့် FORUM-ASIA/ ANNI တို့အကြား လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍  ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို   အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                      

 

  သတင်းစဉ်