အရှေ့တောင်အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် ခြင်းလုံးအားကစားအဖွဲ့ထွက်ခွာ

 

ရန်ကုန်    မေ   ၃


ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင် အဖြစ် ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက်  အရှေ့တောင် အာရှ         အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ခြင်းလုံး အားကစားအဖွဲ့သည်      ယနေ့ မွန်းလွဲပိုင်းက   လေကြောင်းခရီး ဖြင့် ရန်ကုန်မြို့မှ ကမ္ဘောဒီးယား နိုင်ငံသို့ အားကစားသမား အမျိုး သား  ၁၄  ဦး၊  အမျိုးသမီး  ၁၄ ဦး၊ အုပ်ချုပ်နည်းပြ   ခြောက်ဦး၊  ဒိုင် ရှစ်ဦးတို့ထွက်ခွာသွားရာ  မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်     ဒုတိယ ဥက္ကဋ္ဌ  ဦးရဲအောင်နှင့် ဇနီး၊ ဒုတိယ ဥက္ကဋ္ဌ  ဦးချမ်းသာဦးတို့  လိုက်ပါ ပို့ဆောင်   နှုတ်ဆက်ခဲ့ကြသည်။

 


“ကျွန်တော်တို့ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ  နည်းပြတွေနဲ့ ရှစ်လခန့်    စခန်းသွင်းလေ့ကျင့် ထားပြီး    အားကစားသမားတွေ  ကို   ရာနှုန်းပြည့်   ယုံကြည်မှုရှိပါ တယ်။ ပြိုင်ပွဲအမျိုးအစား အမျိုး သား‌ လေးမျိုး၊ အမျိုးသမီး လေးမျိုး၊ အမျိုးသား + အမျိုးသမီး   သုံးမျိုး ထည့်သွင်း ကျင်းပသွားမှာပါ။ ရွှေ လေးခု ခန့်မှန်းထားတယ်။ အဓိက ပြိုင်ဘက်က ထိုင်း၊ အိမ်ရှင်  ကမ္ဘော ဒီးယား ဖြစ်ပါတယ်” ဟု မြန်မာ နိုင်ငံ    ခြင်းလုံးအဖွဲ့ချုပ်  ဒုတိယ ဥက္ကဋ္ဌ  ဦးရဲအောင်က ပြောသည်။

                                          
မြန်မာခြင်းလုံးအားကစားအဖွဲ့ သည် မေ  ၆ ရက်မှ ၉ ရက်အထိ ပြိုင်ပွဲများ    ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သိရသည်။    

အာကာစိုး