
ရန်ကုန် နိုဝင်ဘာ ၄
ကမ္ဘောဒီးယားနိုင်ငံက အောက်တိုဘာ ၃၀ရက် မှ နိုဝင်ဘာ ၃ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် Badminton Asia Junor Under 15 -17 (Southeast Asia) Regional Championships 2023 (Team Event) ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကြက်တောင်အသင်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့ တီမောနိုင်ငံတို့ကို အနိုင်ယူကာ ရွှေ ၁၁ခု၊ ငွေ လေးခု၊ ကြေး နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌အမျိုးသားအသက် ၁၅နှစ် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု(ရွှေ) ညီဇေယျ၊ တတိယဆု(ကြေး) ရဲလင်းထက်၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ ဆု (ရွှေ)ညီဇေယျနှင့် ရဲလင်းထက်၊ အမျိုးသမီး တစ်ဦးချင်းတွင် ပထမ ဆု(ရွှေ)လင်းလင်းထက်၊ ဒုတိယ ဆု(ငွေ)သဒ္ဒါထက်ကျော်၊ အမျိုး သမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု(ရွှေ) လင်းလင်းထက်နှင့် သဒ္ဒါထက်ကျော်၊ အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ တွင် ပထမဆု(ရွှေ)ညီဇေယျနှင့် လင်းလင်းထက်၊ ဒုတိယဆု(ငွေ) ရဲလင်းထက်နှင့် သဒ္ဒါထက်ကျော် တို့က ဆုတံဆိပ်များ အသီးသီး ဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် အသက် ၁၇နှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု (ရွှေ)ဉာဏ်ရှိန်လင်း၊ ဒုတိယဆု (ငွေ)ဘုန်းထက်ကျော်၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ ဆု (ရွှေ) ဉာဏ်ရှိန်လင်းနှင့် ဘုန်း ထက်ကျော်၊ အမျိုးသမီး တစ်ဦး ချင်းပြိုင်ပွဲတွင် ပထမဆု (ရွှေ)အိမ့်ချစ်ဖူး၊ ဒုတိယဆု(ငွေ)ယွန်းလဲ့အိမ်၊ အမျိုးသမီး နှစ် ယောက်တွဲပြိုင်ပွဲတွင် တတိယဆု (ကြေး) အိမ့်ချစ်ဖူးနှင့် ယွန်းလဲ့ အိမ်၊ အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမ ဆု(ရွှေ) ဘုန်းထက်ဇော်နှင့် အိမ့်ချစ်ဖူးတို့က ဆုတံဆိပ်များ အသီးသီးရရှိခဲ့ကြပြီး အသင်း လိုက်ပြိုင်ပွဲ အသက် ၁၅နှစ်တွင် ပထမဆု(ရွှေ)၊ အသင်းလိုက် ပြိုင်ပွဲ အသက် ၁၇ နှစ်တွင် ပထမ ဆု(ရွှေ) အသီးသီး ဆွတ်ခူး ရရှိခဲ့သည်။
အဆိုပါ မြန်မာကြက်တောင် အားကစားအဖွဲ့တွင် အဖွဲ့ခေါင်း ဆောင် မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်အမှုဆောင် ဦးရဲမြင့်၊ အုပ်ချုပ်၊ နည်းပြ၊ အားကစား သမားများသည် ယနေ့ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာရာ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ အားကစားသမား များ၏ မိဘ၊ ဆွေမျိုးများ ကြိုဆို(ဝဲပုံ)ခဲ့ကြောင်း သိရသည်။
အာကာစိုး