
နေပြည်တော် မတ် ၂၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့ တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကို ဖိုရမ်၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကဦးဆောင်၍ မတ် ၂၃ ရက်မှ ၂၄ ရက် အထိ virtual online platform အသုံးပြု၍ ကျင်းပ သည်။
လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေး
အစည်းအဝေးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကျင်းပခဲ့သော ဖိုရမ်၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှု၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့် အရေးကော်မရှင်တို့အကြား နိုင်ငံမဲ့ဖြစ်နေသူများ အခွင့်အရေးနှင့်စပ်လျဉ်း၍ လက်မှတ်ရေးထိုးထား သော နားလည်မှုစာချွန် (MOU) ပါ လုပ်ငန်းရပ်များ ဆောင်ရွက်မှု၊ ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာ စီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်တို့ပါ လုပ်ငန်းရပ်များကို အကောင် အထည်ဖော်ဆောင်ရွက် ရေးကိစ္စ၊ သက်ကြီးရွယ်အိုများအခွင့်အရေးနှင့် စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့်စပ်လျဉ်း သော ဆောင်ရွက်ချက်များ မျှဝေဆွေးနွေးခြင်းကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း သတင်းအချက် အလက်များ လုံလောက်စွာမရရှိခြင်းနှင့် လွဲမှားသည့် သတင်းအချက်အလက်များ ဖြစ်ပေါ်စေမှုနှင့်စပ်လျဉ်း သော ကိစ္စ၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးကိစ္စ၊ ဖိုရမ်နှင့် အာဆီယံအစိုးရချင်း ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ ထိတွေ့ဆက်သွယ် ဆောင်ရွက်ရေးကိစ္စ၊ ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်း အဖွဲ့အစည်းအဝေးနှင့်(၁၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပရေးကိစ္စ စသည့်လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းအဖွဲ့အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်၏ (၁၈)ကြိမ်မြောက် ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးအပြီး လူ့အခွင့် အရေး မြှင့်တင်ပညာပေးရေးနှင့် ကာကွယ်စောင့်ရှောက် ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများကို ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန် ကလည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း သတင်းအချက်အလက်များ လုံလောက်စွာ မရရှိခြင်းနှင့် လွဲမှားသည့်သတင်းအချက်အလက်များ ဖြစ်ပေါ်စေမှုနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က မဟာဗျူဟာစီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်း စီမံချက်နှင့် ဘာသာရပ်အလိုက် ဆွေးနွေးမှုများတွင် ပါဝင်အကြံပြုဆွေးနွေးသည်။
မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် virtual online platform ဖြင့် ဖိုရမ်၏ ဆက်စပ်အစည်းအဝေး တစ်ရပ်အဖြစ်ကျင်းပသော “SEANF Leadership in Mitigating Disinformation to Promote Human Rights Online Discussion Series on Influence Operations” သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာ တင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အကြီးတန်းအရာရှိများ ပါဝင် တက်ရောက်ခဲ့ကြသည်။
ဆက်စပ်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ The Centre for Humanitarian Dialogue (HD) အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်း အနားသို့ အရှေ့တောင်အာရှအမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ဖိလစ်ပိုင်နိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သတင်းအချက်အလက် လုံလောက်စွာမရရှိခြင်းနှင့် လူ့အခွင့်အရေးအပေါ် သက်ရောက်မှု၊ သတင်းအချက်အလက် လုံလောက် စွာမရရှိခြင်းကြောင့် အမျိုးသမီးများနှင့် အားနည်း ထိခိုက်လွယ်သည့် အုပ်စုများအပေါ် သက်ရောက်မှု အစရှိသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော ကိစ္စရပ် များကို တင်ပြဆွေးနွေးကြပြီး SEANF အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများက ဘာသာရပ်နှင့်စပ်လျဉ်း၍ အတွေ့အကြုံများ မျှဝေ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်