အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည့် အခမ်းအနားနှင့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်    ဇူလိုင်   ၁၃


အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်       ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟို  ဌာန(EOC)၌ ကျင်းပသည်။


ပြောကြား


အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေးဖြစ်ပွားချိန် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများအတွက် ထိရောက် သည့် သတင်းအချက်အလက်များ ရရှိစေရန် EOC သည်  နိုင်ငံတော်အဆင့် Disaster Management Centre တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဘေးမဖြစ် ပွားမီ ကြိုတင်သတိပေးခြင်း၊ အရေးပေါ်တုံ့ပြန်ရေး  လုပ်ငန်းစဉ်များနှင့် ဘေးဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်     နည်းပညာရပ် ကျွမ်းကျင်သူများ       ဖြစ်လာစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ     ရရှိစေရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က  မြန်မာနိုင်ငံ၌သဘာဝဘေးဖြစ်ပွားရာတွင် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်စေရေး EOC သည် အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း၊     ကြိုတင် ကာကွယ်ရေးလုပ်ငန်း၌လည်း EOC မှရရှိလာမည့် သတင်းအချက်အလက်များသည်       များစွာ အရေးကြီးသည်ကို   သိရှိနားလည်ထားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် အရေးပေါ်အခြေအနေ  စီမံခန့်ခွဲမှု ဗဟိုဌာန(EOC)မှ  ဌာနကြီးမှူးနှင့်တာဝန်ရှိသူများက  EOC    ၏   လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဘေးတုံ့ပြန်မှုလုပ်ငန်းစဉ်များတွင်    လုပ်ငန်းစဉ် သတ်မှတ်ချက် (SOP) နှင့်    လက်တွေ့လုပ်ငန်း ဆောင်ရွက်နိုင်ရေး သဏ္ဌာန်တူ  ဇာတ်တိုက်စားပွဲဝိုင်း လေ့ကျင့်ခန်းဆောင်ရွက်ခြင်းတို့နှင့်   စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ      အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်တင်ပြသည်။


ကြည့်ရှုလေ့လာ


ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်   တာဝန်ရှိသူများက   အရေးပေါ်အခြေအနေ  စီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏  လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်    ကျင်းပသည့်    “လူသားချင်း စာနာမှုအကူအညီ     အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး     လုပ်ငန်းကော်မတီ”  (၁/၂၀၂၁)      လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။


ထို့နောက်   လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ  ရခိုင်ပြည်နယ်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု     အခြေအနေများကို ဆွေးနွေးခဲ့ပြီး   လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး  ဦးအောင်ထွန်းခိုင်က  လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုများ၊   လုပ်ငန်းကော်မတီ၏  လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းတာဝန်များအပေါ်  ဝန်ကြီးဌာနများအလိုက်     အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် လုပ်ငန်းများကို  ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် လုပ်ငန်းကော်မတီဝင်  ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူ များက  သက်ဆိုင်ရာကဏ္ဍများအလိုက်  ရှေ့ဆက် ဆောင်ရွက်မည့်အစီအစဉ်များကို  ဆွေးနွေးတင်ပြ ကြပြီး  ကော်မတီဥက္ကဋ္ဌက  ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှုအခြေအနေများကို   ဆွေးနွေးခဲ့ကြောင်း  သတင်းရရှိသည်။ 


သတင်းစဉ်