အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ အသုံးအဆောင် ပစ္စည်းများနှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်

 

နေပြည်တော်  မေ    ၂၇


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား ကျောင်းသူများအတွက်  ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊  ကျောပိုးအိတ်နှင့်  ကျောင်းသုံးစာရေး ကိရိယာများ ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းက  တိုင်းစစ်ဌာနချုပ် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ  တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်း၊ အလယ် တန်း၊   မူလတန်းနှင့်  မူကြိုကျောင်းသား  ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်၊ ကျောင်းသုံးစာရေးကိရိယာ များနှင့် ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံများကို ပေးအပ်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြ သည်။

 


အလားတူ    တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်   တပ်နယ်များမှ တာဝန်ရှိသူများကလည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်း ဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။             
         

သတင်းစဉ်