အရှေ့ဂျာမနီ၏ နောက်ဆုံးကွန်မြူနစ်၀န်ကြီးချုပ် ဟန်းစ်မော့ဒရိုး ကွယ်လွန်

 

ဘာလင်  ဖေဖော်ဝါရီ  ၁၁


အရှေ့ဂျာမနီ၏ နောက်ဆုံး ကွန်မြူနစ်ဝန်ကြီးချုပ် ဟန်းစ် မော့ဒရိုး သည်   အသက်  ၉၅  နှစ်အရွယ်တွင်  ကွယ်လွန်သွားပြီဖြစ်ကြောင်း  ဒိုင်းလင်ကီ လက်ဝဲပါတီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

 


မော့ဒရိုးကို ၁၉၂၈ ခုနှစ် ဇန်နဝါရီ  ၂၇  ရက်တွင် လက်ရှိပိုလန်နိုင်ငံ ပေါ်မီရေးနီးယား၌ မွေးဖွားခဲ့သည်။ ၎င်းသည် ဘာလင်တံတိုင်းပြိုကျ အပြီး လေးရက်အကြာ ၁၉၈၉ ခုနှစ် နိုဝင်ဘာလမှ ၁၉၉၀ ပြည့်နှစ် ဧပြီလအထိ  ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ မော့ဒရိုးသည် ကွန်မြူနစ်ဝါဒကို   ဘယ်သောအခါမှ   မစွန့်လွှတ်သော်လည်း  ရုရှား (ယခင် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ)  မီခေးဂေါ်ဘာချော့ဗ်ကဲ့သို့   ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် ရှုမြင်ခဲ့ကြသည်။

 


၁၉၉၀    ပြည့်နှစ်တွင်   ၎င်း၏ အစိုးရအဖွဲ့သည်  အရှေ့ဂျာမနီကို စျေးကွက်စီးပွားရေးစနစ်သို့    ကူးပြောင်းရာတွင်  ကူညီရန်အတွက် အေဂျင်စီတစ်ခုကို တည်ထောင်ခဲ့သည်။ မော့ဒရိုးသည် ဒုတိယကမ္ဘာစစ် အတွင်း  “တတိယအင်ပါယာ” ကို ခုခံမှုဖြင့် တရားစွဲဆိုခံထားရသော ဗော့စထရမ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ထောင်ဒဏ် ကျခံစေရန် စစ်ကြီးပြီးဆုံးချိန် ၁၉၄၉ ခုနှစ်အထိ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့  ပို့ဆောင်ခံခဲ့ရသည်။ အကျဉ်းစံဘဝမှ လွတ်မြောက် လာပြီးနောက် အရှေ့ဂျာမနီသို့ ပြန်သွားကာ အရှေ့ဂျာမနီ၏ ကွန်မြူနစ် ပါတီတွင် ရာထူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဂျာမနီပြန်လည်ပေါင်းစည်းပြီးနောက်တွင် ဂျာမနီဖက်ဒရယ်သမ္မတ နိုင်ငံ အမျိုးသားပါလီမန်အဖွဲ့ဝင်ဖြစ်လာပြီး ဥရောပပါလီမန်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။                                      

အေအက်ဖ်ပီ