အရှေ့အလယ်ပိုင်းတင်းမာမှုများ မြင့်တက်လာမှုကို ရှောင်ရှားရန် အီရန်ကို ဂျပန် တောင်းဆို

တိုကျို    ဩဂုတ်   ၂၈
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုသည် အရှေ့အလယ်ပိုင်းတွင်  နောက်ထပ်တင်းမာမှုများ ရှောင်ရှားနိုင်ရေးအတွက်  သံတမန်ရေးရာ ကြိုးပမ်း အားထုတ်မှုများကို   လုပ်ဆောင်ရန်  အီရန်နိုင်ငံကို တောင်းဆိုလိုက်သည်။
ကာမီကာဝါယိုကိုနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အရာဖ်ချီတို့သည် ဗုဒ္ဓဟူးနေ့တွင် နာရီ ဝက်ခန့်ကြာ တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေး ခဲ့ကြသည်။ အီရန်နိုင်ငံသည်  ဇူလိုင်လက  မြို့တော် တီဟီရန်တွင်    ဟားမားစ်နိုင်ငံရေး    ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး အစ္စရေးကို   လက်တုံ့ပြန်လိုကြောင်း   ထုတ်ပြန် ကြေညာထားသည်။
သို့သော်လည်း   ဂါဇာကမ်းမြောင်တွင်   အပစ် အခတ်ရပ်စဲရေးနှင့်     ပတ်သက်ပြီး    အစ္စရေးနှင့် ဟားမားစ်ကြား ဆွေးနွေးမှုများ မည်သို့တိုးတက်မှုရှိမည်လဲဆိုသည်ကို သတိထားစောင့်ကြည့်ပြီးနောက် လက်တုံ့ပြန်မည့်အချိန်နှင့်  နည်းလမ်းကို  ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားထား သည်။
ကာမီကာဝါက   လက်ဘနွန်အခြေစိုက်   ဟစ်ဇ် ဘိုလာအဖွဲ့အပါအဝင်   ၎င်းတို့    လွှမ်းမိုးမှုရှိသော အဖွဲ့များကို     ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် တိုက်တွန်းပေးရေးနှင့် ပတ်သက်ပြီးလည်း အီရန် နိုင်ငံကို တောင်းဆိုထားသည်။   အင်န်အိတ်ချ်ကေ