အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၂


အရှေ့အလယ်ပိုင်းတိုင်း   စစ်ဌာန ချုပ်၏  တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး)  သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို  ယနေ့နံနက်ပိုင်းတွင် ကျိုင်းတောင်းတပ်နယ်  လေ့ကျင့် ရေးကျောင်း၌  ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်   လှမိုးနှင့်    အဖွဲ့ဝင်များ၊ အရာရှိ၊   စစ်သည်၊   မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်း များ တက်ရောက်ကြသည်။

 


ဆက်လက်၍     ဆုပေးပွဲကို ပြုလုပ်ရာ    ပြိုင်ပွဲအမျိုးအစား အလိုက်  တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်   ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့်  မိုင်းပန်တပ်နယ် အသင်းတို့ကို  တိုင်းမှူး နှင့် တာဝန်ရှိသူများက    ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ     ပေးအပ်ချီးမြှင့် ကြသည်။

 


အဆိုပါ  သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်  တပ်နယ်များမှ    ပြိုင်ပွဲဝင်အမျိုး သား  အမျိုးသမီးအသင်း  ရှစ်သင်း တို့ဖြင့်   ဇူလိုင် ၂၀ ရက်မှ  ယနေ့ အထိ  ယှဉ်ပြိုင်ပစ်ခတ်ကြကြောင်း သတင်းရရှိသည်။            

သတင်းစဉ်