
ဂျီနီဗာ နိုဝင်ဘာ ၁၉
အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ ကလေးသူငယ်များနှင့် ၎င်းတို့၏ အခွင့်အရေး ကို အကာအကွယ်ပေးကြရန် နိုဝင်ဘာ ၁၈ရက် တွင် ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ (ယူနီဆက်ဖ်) က တောင်းဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက တွင် အကြမ်းဖက်မှုများ၊ ပဋိပက္ခဖြစ်မှုများနှင့် မငြိမ်မသက်ဖြစ်မှုများကြောင့် ယခုနှစ်အတွင်း ကလေးငယ်ပေါင်း ၅၈၀ ၏ အသက်များ ဆုံးရှုံးခဲ့ရသည်။ ယခုနှစ်အစပိုင်းမှ စတင်ကာ အဆိုပါဒေသများတွင် ပဋိပက္ခများကြောင့် ကလေးငယ်ပေါင်း ၅၈၀ မှာ အသတ်ခံခဲ့ရပြီး ပျမ်းမျှအားဖြင့် အပတ်စဉ်ကလေး ၁၀ ဦး အသတ်ခံနေရခြင်းဖြစ်သည်ဟု ယူနီဆက်ဖ်က ပြောသည်။ ဒဏ်ရာရရှိသည့် ကလေးငယ်များ မှာလည်း များပြားသည်။
အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယား၊ ယီမင်၊ ပါလက်စတိုင်းတို့ရှိ ကလေးများမှာ ဆိုးရွားလှသည့် ပဋိပက္ခ၊ မငြိမ်မသက်မှုများ၊ စစ်ပွဲများနှင့် ရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ် က ဖော်ပြထားသည်။ ကလေးသူငယ်များသည် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများအတွက် တန်ဖိုးကြီးကြီး ပေးဆပ်နေရကြောင်း ယူနီ ဆက်ဖ်က သတိပေးခဲ့သည်။
ဆင်ဟွာ