အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်ပြီး ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ တိုကျိုမြို့၌ စတင်ဆွေးနွေး

 

တိုကျို   နိုဝင်ဘာ  ၇


ဂျီ - ၇ မှ နိုင်ငံခြားရေးဝန်ကြီးများ သည်    ဂျပန်နိုင်ငံ  တိုကျိုမြို့၌ အရှေ့အလယ်ပိုင်း    အရေးနှင့် ပတ်သက်ပြီး နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးမှု စတင်လိုက်ကြောင်း  နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 


အဆိုပါ   တွေ့ဆုံဆွေးနွေးမှု သည် ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခစတင်ဖြစ်ပွားမှု နောက်ပိုင်း  ဂျီ - ၇ နိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ်  မျက်နှာချင်း ဆိုင်  တွေ့ဆုံမှုလည်း   ဖြစ်သည်။  ထိုတွေ့ဆုံဆွေးနွေးမှုကို   ဂျပန် နိုင်ငံခြားရေးဝန်ကြီးက သဘာပတိ အဖြစ် ဆောင်ရွက်သွားရန် စီစဉ် ထားသည်။  


နိုင်ငံတကာအခြေအနေများ ပိုမိုရှုပ်ထွေးပြီး ဆိုးရွားလာသည် နှင့်အမျှ ဂျီ - ၇ နိုင်ငံများအကြား နီးနီးကပ်ကပ်   ဆက်သွယ်မှုရှိ ခြင်းသည်     လွန်စွာအရေးကြီး ကြောင်း      ဂျပန်နိုင်ငံခြားရေး ဝန်ကြီး        ကာမိကာဝါယိုကိုက  ပြောသည်။ 


ကာမိကာဝါသည် ဟားမားစ် အဖွဲ့က ဓားစာခံဖမ်းဆီးထားသူ များကို  အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသွားဖွယ် ရှိကြောင်း နှင့်   ဂါဇာကမ်းမြောင်ဒေသမှ ပြည်သူများအတွက်   ကယ်ဆယ် ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင် ရေးအတွက်        လူသားချင်းစာနာ ထောက်ထားမှုအဖြစ် တိုက်ခိုက် မှုကို ရပ်တန့်ရန် လိုအပ်ကြောင်း ကိုလည်း အလေးပေးဆွေးနွေးသွားဖွယ်ရှိသည်။

                                                                              
ကာမိကာဝါသည်   နိုဝင်ဘာ ၇ရက် အစောပိုင်းတွင် ကနေဒါ၊ ဗြိတိန်နှင့်   အမေရိကန်နိုင်ငံတို့ မှ   နိုင်ငံခြားရေးဝန်ကြီးများနှင့်        နိုင်ငံခြားရေး      ဝန်ကြီးဌာန၌ သီးခြားတွေ့ဆုံခဲ့ကြောင်း   သိရ သည်။              

အင်န်အိတ်ချ်ကေ