အပူပိုင်းမုန်တိုင်း မေရီ ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်

 

တိုကျို   ဩဂုတ်  ၁၃


အပူပိုင်းမုန်တိုင်း   မေရီသည်   ဩဂုတ်  ၁၃  ရက်တွင်  ရှီဇူကာမြို့၊ ဂျပန်အလယ်ပိုင်း ကန်တိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသများ သို့   ဝင်ရောက်နိုင်ကြောင်း  ဂျပန်မိုးလေဝသတာဝန်ရှိသူများက  ပြော သည်။ 

 


ထို့အပြင် တာဝန်ရှိသူများက မိုးသက်လေပြင်းများ ကျရောက်ပြီး အထူးသဖြင့် ဂျပန်နိုင်ငံအရှေ့ပိုင်း ပစိဖိတ်ဘက်ခြမ်းတွင် ပြင်းထန်လာ နိုင်ကြောင်းနှင့် ဩဂုတ် ၁၃ ရက်နှောင်းပိုင်းတွင် အဆိုပါဒေသများ၌ မိုးသည်းထန်စွာ   ရွာသွန်းနိုင်ကြောင်း  ခန့်မှန်းထားသည်။  ထို့ကြောင့် တာဝန်ရှိသူများက  မြေပြိုခြင်း၊   ရေကြီးခြင်း၊   မြစ်ရေများလျှံခြင်း၊ လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ 

 


ဩဂုတ်  ၁၄  ရက်  နံနက်ပိုင်းအထိ  ၂၄  နာရီအတွင်း တိုဟိုကူ မြောက်ပိုင်းတွင် မိုးရေချိန် ၁၂၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်းနှင့် တိုဟိုကူတောင်ပိုင်းတွင် မိုးရေချိန် ၁၀၀ မီလီမီတာအထိ ရွာသွန်းနိုင် ကြောင်း ခန့်မှန်းထားသည်။      

         
  အင်န်အိတ်ချ်ကေ