
တိုကျို ဇူလိုင် ၁၉
ကမ္ဘာ့နေရာ အနှံ့အပြားတွင် အပူချိန် မြင့်တက်လာသည်နှင့် အမျှ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများသည် လုပ်ငန်းခွင်အတွင်း အပူလျှပ်ခြင်း မှ ကာကွယ်ပေးနိုင်သော နောက်ဆုံး ပေါ်ဝတ်ဆင်နိုင်သည့် ကိရိယာကို တီထွင်လိုက်ပြီ ဖြစ်သည်။ အများ အားဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ခွင်များနှင့် အခြားနေရာများတွင် အလုပ်သမားများ ဘေးကင်းစေ ရန်အတွက် ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်ကြောင်း အင်န် အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အဓိက အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သော ကျိုစဲရာကုမ္ပဏီသည် နားတွင် တပ်ဆင်ရသော ကိရိယာအမျိုး အစားကို တီထွင်ထုတ်လုပ်လိုက် ခြင်း ဖြစ်သည်။ ၎င်းကိရိယာသည် နားမှတစ်ဆင့် ဝတ်ဆင်သူ၏ နှလုံးခုန်နှုန်းနှင့် သွေးတွင်း အောက်ဆီဂျင် ပမာဏကို စောင့်ကြည့်ပေးကြောင်း သိရ သည်။
အဆိုပါ ကိရိယာသည် ဆူညံသော ပတ်ဝန်းကျင်တွင် စကားပြောဆိုရာ၌ ပိုမိုလွယ်ကူ စေရန်အတွက် အရိုး၏တုန်ခါမှု မှတစ်ဆင့် အသံလှိုင်းများကို နား အတွင်းသို့ရောက်အောင် တိုက်ရိုက် ပို့ဆောင်နိုင်သော နည်းပညာကို လည်း အသုံးပြုထားကြောင်း သိရ သည်။
အဆိုပါ ကိရိယာသည် လူများ အား အနားယူရန်နှင့် ရေဓာတ် ပြန်လည်ဖြည့်တင်းရန် သတိပေး မှုပြုလုပ်နိုင်ခြင်းအားဖြင့် လုပ်ငန်း ခွင် မတော်တဆဖြစ်မှုကို အထောက်အကူ ပြုနိုင်ကြောင်း၊ ပုံမှန်ထက် ထူးခြားသောအရာများ ကို တွေ့ရှိလျှင်လည်း အလုပ်သမား များထံ တိတိကျကျ သတင်းပေးပို့ နိုင်ကြောင်း ကျိုစဲရာတီထွင် ထုတ် လုပ်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ အိုဝါဒါ ယာရှူဟီနိုက ပြောကြား သည်။
သတိပေးလက္ခဏာများ တွေ့ရှိ ပါက အဆိုပါကိရိယာသည် စက္ကရင် သတိပေးမှုနှင့် တုန်ခါမှုမှတစ်ဆင့် ဝတ်ဆင်သူအား အနားယူရန် အကြုံပြုကြောင်း၊ နားနေချိန် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် ရန် အန္တရာယ်ကင်းသည့်အချိန် ကိုလည်း ပိုင်းခြားစိတ်ဖြာနိုင် ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ