အပူလျှပ်ခြင်းအကြောင်း သိကောင်းစရာအဖြာဖြာ

Type

 

ပေါက်ပေါက်
 

 

မြန်မာနိုင်ငံအတွင်း     ၂၀၁၄      ခုနှစ်မှစ၍   အပူဆုံး စံချိန်တင်ခဲ့ပြီး    တစ်နှစ်ပြီးတစ်နှစ်   ထိုစံချိန်ကို ကျော်လွန်ကာ    ပိုမိုပူပြင်းလာခဲ့သည်။    ပြင်းထန် လာသောရာသီဥတုကြောင့်           အောက်ဖော်ပြပါ အပူဒဏ်လေးမျိုးကို   မြန်မာပြည်သူ ပြည်သားများ ခံစားကြရသည်။
v    နေ့အပူချိန်များ စံချိန်တင်မြင့်တက်ခြင်း၊
v    အပူချိန် စံချိန်တင်မမြင့်တက်သော်လည်း အမြင့် ပိုင်းအပူချိန်များ နေ့စဉ်ရက်ဆက်  အချိန်ကြာမြင့် စွာကျရောက်နေသဖြင့် အပူဒဏ်ပြဿနာ (Heat Stroke) ခံစားရခြင်း၊
v    လေထုအတွင်း ရေငွေ့များ ရောနှောပါဝင်လာမှု ကြောင့်  ခန္ဓာကိုယ်ခံစားရသောအပူချိန်  (Feel Temperature)   တွင်   လေအပူချိန်သာမက ရေငွေ့အပူချိန်ပါ ပေါင်းစပ်လာသဖြင့် လူ၏ခံနိုင် သောအပူချိန်ကို   ကျော်လွန်သည့်အပူဒဏ်ကို ခံစားရခြင်း (High Heat Index)၊
v    ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း      (Ultra-Voilet Index) မြင့်မားခြင်း။ 
ထို့ပြင် အပူချိန်မြင့်တက်လာသည့်အခါ မလွဲ မသွေ ကြုံတွေ့ရလေ့ရှိသော  ဆိုးကျိုးငါးခုဖြစ်သည့် (က)   နွေရာသီကာလ          အပူရှိန်မြင့်မားမှုဒဏ်၊ (ခ) ရေရှားပါးမှုဘေးဒဏ်၊  (ဂ)  မီးလောင်ကျွမ်းမှု ဘေးဒဏ်၊ (ဃ) စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှု ဘေးများနှင့်        (င)     ကျန်းမာရေးထိခိုက်မှု ဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ကြရသည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း
နေပူထဲမှ အအေးထဲသို့ ရုတ်ခြည်းဝင်ရောက် ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်း အတွင်းမှ   ရုတ်တရက်ပူပြင်းသောနေရောင်ထဲသို့ ထွက်ခြင်းများကြောင့်    လူ့ခန္ဓာကိုယ်တွင်    အပူ အအေး ရုတ်တရက်ပြင်းထန်စွာ ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ခံစားရတတ်သည်။ ၎င်းကို ဆေးသိပ္ပံနည်း အရ Heat Stroke (အပူဒဏ်ကြောင့်သတိလစ်ခြင်း) ဟုခေါ်၍ ဒေသအခေါ်အရ “အပူလျှပ်ခြင်း”ဟု ဆိုကြ သည်။ Heat Stroke ဖြစ်ပါက အပူအအေးရုတ်ခြည်း ပြောင်းလဲသွားသည့်အတွက် အပူဒဏ်ကြောင့် ခန္ဓာ ကိုယ်ထဲရှိ သွေးကြောများကျယ်သွားခြင်း၊ အအေး ဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျုံ့သွား ခြင်း  စသည့်သွေးစီးကြောင်းအကျဉ်းအကျယ်ဒဏ် ကို   ခံစားရကာ   သတိလစ်ခြင်းကိုဖြစ်စေသည်။ ပြင်းထန်သောအခြေအနေတွင် သွေးကြောအကျဉ်း အကျယ်ဒဏ်ကို မခံစားနိုင်တော့ဘဲ သွေးကြောကြီး များ   အက်ကွဲလာပြီး   သွေးကြောငယ်လေးများ   ပြတ်ထွက်သွားသည်အထိ ဖြစ်စေနိုင်သည်။ 
Heat Stroke လက္ခဏာများ
ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာ ခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီ စင်တီဂရိတ်)၊ အရေပြားခြောက်သွေ့ခြင်း၊ ချွေးခန်း ခြောက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူမြန်လာခြင်း၊     နှလုံးခုန်မြန်လာခြင်း တို့သည်   Heat   Stroke   လက္ခဏာများဖြစ်ကာ ထိုအခြေအနေမှတစ်ဆင့် အသက်အန္တရာယ်ဆုံးရှုံး သည်အထိဖြစ်နိုင်သည်။
Heat Stroke ဖြစ်နိုင်ခြေများသူများ
ရေသောက်နည်းသူများ၊ ကလေးနှင့် သက်ကြီး ရွယ်အိုများ၊   ပူပြင်းသောနေရာတွင်   ကြာရှည်စွာ အလုပ်လုပ်ရသောသူများ၊   အားကစား   ပြင်းပြင်း ထန်ထန်လုပ်သောသူများ၊   ချွေးထွက်များသူများ၊ ရောဂါအခံရှိသူများ  (နှလုံး၊   သွေးတိုး၊   အဆုတ် ရောဂါ)၊   အရက်အလွန်အကျွံသောက်သုံးသူများ၊ ပူပြင်းသောရာသီဥတုကို    ကြာရှည်ထိတွေ့နေရ သူများ၊  အပူချိန်လွန်ကဲနေချိန်တွင်  အအေးဓာတ် နည်းပါးသူများ၊  ရေဓာတ်ခန်းခြောက်သော ဆေးဝါး များကို သောက်သုံးနေရသူများ စသူတို့တွင် Heat Stroke ဖြစ်နိုင်ခြေများသည်။
အပူအန္တရာယ် အထူးသတိပြုရမည့်သူများ
သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည် ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ စိတ် ကျန်းမာရေးချို့ယွင်းသူများ)၊ ကာယလုပ်သားများ၊ အားကစားသမားများ၊ ဝလွန်းသောသူများ၊ အရက်စွဲ သောသူများနှင့် မူးယစ်ဆေးသုံးစွဲသူများက Heat Stroke (အပူဒဏ်ကြောင့်သတိလစ်ခြင်း) ဖြစ်ပါက အဆိုးရွားဆုံးအခြေအနေကို  ရင်ဆိုင်ရတတ်သည်။
အပူဒဏ်ကာကွယ်ခြင်း
အပူဒဏ်ကြောင့်  လေဖြတ်ခြင်း၊    အရေပြား ကင်ဆာဖြစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် အမြင်အာရုံပျက်စီးခြင်း စသည်တို့လည်း  ဖြစ်ပေါ် စေနိုင်သည်။   Heat   Stroke   မဖြစ်စေရန်အတွက် နေပြင်းချိန်          အပြင်မထွက်ပါနှင့်။      မလွှဲသာ၍ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ အဆောင်း၊ အကာ၊ နေကာမျက်မှန်၊ သောက်ရေဘူးယူသွားရပါမည်။ ရိုးရိုးရေသောက်ပါ။    ရေခဲရေ   မသောက်ပါနှင့်။  အဲကွန်းကားစီးပြီး    နေပူချိန်ပြင်းသော  နေရာတွင် ဆင်းရမည်ဆိုပါက မဆင်းမီက  ကြိုတင်ရေသောက် ထားရပါမည်။ 
အပူဒဏ်ကိုရင်ဆိုင်ရာတွင်  လူတို့၏   ဇီဝကမ္မ ပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန်အတွက် “ရေ”က    အဓိကဖြစ်သည်။    အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်းအတွက် သန့်ရှင်းသော သောက်ရေကို  တစ်လီတာခန့် သောက်သုံးပေးသင့် သည်။   ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက်     သန့်ရှင်းသောသောက်ရေကို ငါးလီတာမှ   ရှစ်လီတာခန့်အထိ  ဓာတ်ဆားရည်နှင့် ရော၍ သောက်သုံးပေးသင့်သည်။
လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီဖာရင် ဟိုက်  (၄၁ ဒီဂရီစင်တီဂရိတ်)  တွင်   အပူဒဏ်ကို အချိန်ကြာကြာဆက်၍ခံနေရပါက     ဦးနှောက် ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။ လူတစ်ယောက်သည် အပူချိန်  ၁၀၉  ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီ စင်တီဂရိတ်) တွင် အသက်သေဆုံးနိုင်သည်။
အပူဒဏ်ခံရမှုကြောင့်  ကိုယ်အပူချိန်ကျစေရန် အတွက်ကိုလည်း  ရေများများသောက်ခြင်း၊   ခန္ဓာ ကိုယ်တွင်းအပူငြိမ်း၍    အေးမြစေသောအစား အစာများဖြစ်သည့်   နွားနို့၊  အုန်းစိမ်းရည်၊ ကြံရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ သလဲသီး၊ သံပုရာသီး၊ သခွား သီး၊ သခွားမွှေးသီး၊ ဘူးသီး၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ စသည်တို့ စားပေးသင့်သည်။ 
အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေချိုးနည်း
အပူဒဏ်ကာကွယ်သည့်အနေဖြင့်    အထက် ဖော်ပြပါအတိုင်း   ကျန်းမာစွာနေထိုင်စားသောက် ရမည့်အပြင်  ရေချိုးနည်းမှန်ကန်ရန်လည်း   အထူး အရေးကြီးသည်။     ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို တဖြည်းဖြည်းအေးစေခြင်းဖြင့် ရေချိုးပါ။ ရေချိုး နည်းမှန်ကန်မှသာလျှင် Heat Stroke ကို ကာကွယ် နိုင်မည်ဖြစ်ပေသည်။         အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေချိုးနည်းအဆင့်ဆင့်ကို အောက်ပါ အတိုင်း အကြံပြုလိုပါသည်။ 
v    အရိပ်ထဲတွင် ရေချိုးပါ။ 
v    ရေမချိုးခင်  သောက်ရေတစ်ဖန်ခွက်  အပြည့် သောက်ပါ။
v    ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသော       ခြေထောက်အောက်ပိုင်း၊ လက်ဖျား၊   လက်မောင်း   စသည့်နေရာများမှ   အာရုံကြောများကို    အသိပေးနှိုးဆော်သည့် အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။
v    ပြီးမှ မျက်နှာသစ်ပါ။
v    တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်း တို့ကို ရေနှင့်ပက်ပေးပါ။
v    အထက်ပါနည်းအဆင့်ဆင့်အတိုင်း          ရေ ဆက်ချိုးပါ။
အရေးပေါ်ရှေးဦးပြုစုနည်း
အပူဒဏ်ကြောင့်    သတိလစ်ခြင်း    (Heat Stroke)  ဖြစ်ပေါ်နေသောသူတွင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ကြုံတွေ့ခံစားရနိုင်သည်။
အရေပြားပူ၍   ခြောက်သွေ့ခြင်း   သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊    စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊   တက်ခြင်း၊   ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း စသည်တို့ဖြစ်သည်။
အထက်ပါ အပူဒဏ်လက္ခဏာများ ခံစားနေရ သော လူနာအားတွေ့ရှိပါက-
လူနာအား အရိပ်ရသောနေရာသို့ ပို့ဆောင်ပါ သို့မဟုတ်   အရိပ်ရအောင်   ဆောင်ရွက်ပေးပါ။  အေးမြသောနေရာ  သို့မဟုတ်   လေပန်ကာရှိသော နေရာ သို့မဟုတ် လေအေးပေးစက်ရှိသော အခန်း သို့   ရွှေ့ပြောင်းပါ။   လူနာ၏   ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။ လူနာ၏ အဝတ်အစားများကို ချွတ်ပေးပါ။ လူနာ ကောင်းစွာသတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည် တိုက်ပေးပါ။   လူနာ၏ကိုယ်ပေါ်သို့   ရေအေးအေးဖျန်းပေးပါ။   လူနာ၏  လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး သို့မဟုတ်   ရေခဲစိမ်ထားသော    အဝတ်များဖြင့်   ရေဖတ်အုပ်ပေးပါ။   လေပန်ကာရှိပါက လူနာအား    ပန်ကာလေမှုတ်ပေးပါ     သို့မဟုတ်    ယပ်ခတ် ပေးပါ။    အရေးပေါ်       ရှေးဦးပြုစုခြင်းများ  ဆောင်ရွက်ပြီးလျှင် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက် ကျန်းမာရေးဌာနများသို့       အမြန်ဆုံးပို့ဆောင်၍ ကုသမှုခံယူပါ။
အချုပ်အားဖြင့်ဆိုသော်   အပူလျှပ်ခြင်းသည် မပေါ့ဆဘဲ အလေးပေးဂရုစိုက်သင့်သည့် ကျန်းမာ ရေးဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ အပူလျှပ်ခြင်း ဖြစ်ပေါ်သည့်အခါ လူနာ၏အရေပြားသည် မီးကဲ့သို့ ပူခြစ်ပြီး ချွေးလုံးဝမထွက်တော့ပေ။ ထိုအခြေအနေ သည်   အရေးပေါ်ကုသမှုခံယူရမည့်   အခြေအနေ ဖြစ်ပြီး ကုသမှုခံယူရန်   နှောင့်နှေးပါက   ဦးနှောက်၊ အဆုတ်၊   နှလုံး၊     အသည်း၊    ကျောက်ကပ်နှင့်   ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။ အထူးသတိပြု ရမည့်အချက်မှာ   Heat  Stroke  ခံစားနေရချိန်၌ ဂက်စ်ပါသည့် အချိုရည်များ၊ အားဖြည့်အချိုရည် များ၊   အရက်အဖျော်ယမကာများနှင့်   ရေခဲရေ သောက်သုံးခြင်းကို         အထူးရှောင်ကြဉ်ရမည်။   ထို့ပြင် စိတ်ရောဂါအတွက် သောက်သုံးသောဆေးဝါး များ၊ ဆီးဆေးများနှင့် သွေးကျဲဆေးများကိုလည်း အလွန်ပူပြင်းသောရာသီဥတုတွင်  သတိထားသုံးစွဲ သင့်ပါကြောင်း        အကြံပြုရေးသားလိုက်ရပါ သည်။      ။