
ကိုကျော်စွာ(ကျိုက်ပိ)
ယနေ့အခါ လူတိုင်း၏ ပါးစပ်ဖျား၌ စကားတစ်ခွန်း ကို နေရာတိုင်းလိုလို ကြားနေရသည်။ ထိုစကားသည် ကား ပူလိုက်တာဟူသော စကားပင်ဖြစ်သည်။ ယနေ့အပူချိန်သည် အလွန်မြင့်တက်လျက်ရှိပါ သည်။ ၂၀၂၂ ခုနှစ်အတွင်း ယခုလသည် အပူဆုံး ဟုပင် ဆိုနိုင်သည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အပူချိန် မှာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိပါသည်။ လွန်ခဲ့သော ၂၀၁၄ ခုနှစ်က အပူဆုံးနှစ်အဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ထို့ထက်ပို၍ အပူဒဏ်ကို ခံစားလာကြရသည်။ အပူဒဏ်ပြင်းထန် လာခြင်းသည် ကျန်းမာရေးကို ထိခိုက်စေခြင်း၊ ရေရှားပါးမှုဖြစ်ခြင်း၊ စိုက်ပျိုးသီးနှံများ မဖြစ်ထွန်း ခြင်း စသည်တို့အပြင် အခြားသောဆိုးကျိုးများစွာ လည်း ဖြစ်စေသည်။
မြန်မာနိုင်ငံ၏ အပူချိန်
ယခု ဧပြီလတွင် မြန်မာနိုင်ငံ၏ အပူချိန်သည် သိသိသာသာ မြင့်မားလာသည်ကို အားလုံးသတိပြု မိကြပေလိမ့်မည်။ တိုင်းဒေသကြီးအလိုက် ပျမ်းမျှ အပူချိန်ထက် မြင့်မားလျက်ရှိသည်။ စစ်ကိုင်း တိုင်းဒေသကြီးတွင် ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီ စင်တီဂရိတ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီမှ ၄ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ် ပိုခဲ့သည်။
ကချင်ပြည်နယ်တွင်မူ ဧပြီလ၌ ပျမ်းမျှအပူချိန်သာ ရှိပါသည်။ ထူးခြား သည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် ဂန့်ဂေါမြို့ များတွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ ကလေးဝမြို့၊ မုံရွာ မြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ ဖားဆောင်းမြို့တို့တွင် နေ့အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအပူချိန်နှုန်းများသည် ဧပြီလ၏ အပူချိန် နှုန်းဖြစ်သော်လည်း “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော မြန်မာဆိုရိုးစကားအရ မြန်မာအခေါ် ကဆုန်လနှင့် အင်္ဂလိပ်လဖြစ်သော မေလတွင် လည်း ဧပြီလအပူချိန်ထက် မလျော့နိုင်ဟု စာရေးသူ အနေဖြင့် ယူဆပါသည်။ ထို့ကြောင့် အပူချိန်မြင့်မား လာခြင်းကို ဝိုင်းဝန်းကာကွယ်ကြဖို့ လိုပါသည်။
ယခင်က ၁၀ နှစ်မှ အပူချိန် ၁ ဒီဂရီစင်တီ ဂရိတ်သာတိုးခဲ့ရာ ယခုအခါ နှစ်နှစ်၊ သုံးနှစ်အတွင်း မှာပင် ၂ ဒီဂရီစင်တီဂရိတ်အထိ တိုးလာကြောင်း မှတ်သားရသည်။ လာမည့် သက္ကရာဇ် ၂၀၅၀လောက် တွင် အပူပိုင်းဒေသ နိုင်ငံတချို့တွင် အပူရှိန်ပြင်းထန် မှုကြောင့် ထိုနိုင်ငံရှိလူဦးရေ တစ်ဝက်မျှလောက် အထိ သေဆုံးနိုင်ကြောင်း ပညာရှင်များ ခန့်မှန်းကြ သည်ဟု သတင်းစာ၌ဖော်ပြထားသည်ကို စာရေးသူ ဖတ်ခဲ့ရပါသည်။ အပူချိန်မြင့်တက်မှုသည် သက်ရှိ တို့အတွက် ကြီးမားသောအန္တရာယ်ပင်ဖြစ်ပါသည်။
အပူဒဏ်နှင့် နှလုံးအန္တရာယ်
ယခုလို အပူချိန် ပြင်းထန်သည့်အချိန်မျိုးတွင် စာရေးသူတို့၏ နှလုံးသည် အလုပ်ပိုလုပ်ရသည်။ ပုံမှန်သွေးညှစ်နှုန်းထက်ပို၍ သွေးညှစ်မှုအလုပ် ကို လုပ်ဆောင်ပေးရသည်။ ထိုသို့ သွေးညှစ်အား ပုံမှန်ထက်ပိုလုပ်ခြင်းသည် ခန္ဓာကိုယ်အရေပြားသို့ သွေးပိုရောက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ပြင် ခန္ဓာကိုယ်အေးစေရန် ချွေးထွက်များစေပြီး အပူဒဏ်ကို ထိန်းညှိပေးခြင်းဖြစ်သည်။ ထိုကဲ့သို့အပူချိန်ထိန်းညှိခြင်းကို ခန္ဓာကိုယ်မှဆောင်ရွက်နိုင် ခြင်း မရှိပါက အပူရှပ် (heat stroke) ဝေဒနာကို ခံစားရပေလိမ့်မည်။ ထို့ကြောင့် အပူချိန်ပြင်းထန် သည့် ရာသီမျိုး၌ နှလုံးညှစ်အားမကောင်းသည့် လူများအနေဖြင့် အထူးဂရုစိုက်ရပါမည်။ အပူချိန် ၄၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ဆိုလျှင် ကျန်းမာ ရေးပုံမှန်ရှိသူများရော၊ ကျန်းမာရေးမကောင်းသူများ ပါ ထိုအပူဒဏ်ကြောင့်ပင် ကျန်းမာရေးဆိုးကျိုးများ ရှိလာနိုင်သည့်အတွက် အထူးဂရုစိုက်ဖို့ လိုပါသည်။
ခန္ဓာကိုယ်ရှိအပူချိန်ကို ဆေးပညာအရ "Heat Stress" ဟုခေါ်ပြီး ခန္ဓာကိုယ်အတွင်း အပူချိန်သည် အေးသွားခြင်းမျိုးမရှိသဖြင့် လိုအပ်သည်ထက် ပိုပူ လာပါက ကြွက်တက်ခြင်းနှင့် ပါး၊ နှုတ်ခမ်းများအပြင် အရေပြားပေါ်တွင် အဖုအပိန့်များ ထွက်လာသည်။ ခေါင်းမူး၍ ပျို့အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်း ကလီစာများကိုပါ ပျက်စီးစေသည်ဟု သိရပါသည်။ အခန့်မသင့်လျှင် အသက်သေဆုံးသည်အထိ ဖြစ်နိုင် သည်။ ယခုကဲ့သို့ အပူချိန်ပြင်းထန်သည့်အခါမျိုးတွင် အစားအသောက်နေထိုင်မှုပုံစံ မမှန်ပါက ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်လေ့ရှိတတ်သည်။ အထူးဂရုစိုက်ဖို့ လိုပါသည်။
အပူဒဏ်နှင့် ကျောက်ကပ်အန္တရာယ်
ယခုအခါ အပူဒဏ်မြင့်မားနေသည်ကို လူတိုင်း အသိဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်ကြီးသူများ နှင့် ကလေးသူငယ်များအနေဖြင့် အထူးသတိပြုကြ ရပါမည်။ ယနေ့ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၏ အဓိကတရားခံမှာ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာခြင်းသည်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများသောကြောင့် ဖြစ်သည်။
ထိုအခါ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်လာသည်။ ကမ္ဘာ့အပူချိန် အလွန်အမင်း မြင့်တက်လာခဲ့သည်။ အပူချိန် ပြင်းထန်လာခြင်း ကြောင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာ စေသည်ဟု သိရသည်။ ဆော်ပေါ်လိုတက္ကသိုလ်မှ ဘရာဇီးသုတေသနပညာရှင်များ၏ လေ့လာချက် အရ အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ်စ် တိုးလာတိုင်း ကျောက်ကပ်ပျက်စီးမှုရောဂါ ဖြစ်နိုင်ခြေနှုန်းမှာ လည်း တစ်ရာခိုင်နှုန်း တိုးမြင့်လာနိုင်ကြောင်း သိရသည်။ ကျောက်ကပ်ရောဂါဖြစ်ပွားမှုနှုန်းသည်
အပူချိန်မြင့်မားသောဒေသများတွင် အဖြစ်များ ဟန် တူပါသည်။
သုတေသီများ၏ ဖော်ပြချက်အရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံတွင် ကျောက်ကပ်ပျက်စီးသူဦးရေ ၂၀၂၀၀၀ ကျော်ရှိ ရာ ၇ ဒသမ ၄ ရာခိုင်နှုန်းမှာ အပူချိန်မြင့်တက်မှု ဒဏ်ကြောင့်ဟု သိရသည်။ ၂၀၁၇ တစ်နှစ်တည်း မှာပင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကျောက် ကပ်ပျက်စီးမှုကြောင့် သေဆုံးသူဦးရေ ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း သိရသည်။ အထက်ပါဖော်ပြချက် များသည် ဆောင်းပါးရှင် ဆရာမပေါက်ပေါက်၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ အပူချိန်လွန်ကဲခြင်းသည် သွေးချိုရောဂါရှိသူများနှင့် အာရုံကြောမကောင်းသူများအတွက် အန္တရာယ် ဖြစ်စေနိုင်သည်။ အထူးသဖြင့် အသက် ၇၅ နှစ် အထက် အသက်ရွယ်ကြီးသူများနှင့် ကလေးငယ် လေးများပင် ဖြစ်ပါသည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များ
အပူချိန်ပြင်းထန်လာခြင်းကြောင့် ကြွက်တက် ခြင်းနှင့် အဖုအပိန့်များထွက်ခြင်း၊ ချွေးထွက် လွန်ခြင်းနှင့် ကိုယ်အပူချိန်မြင့်တက်၍ သတိလစ် ခြင်းများ ဖြစ်ပေါ်ကာ ဖြစ်ပွားမှုပြင်းထန်ပါက အသက်အန္တရာယ်ပါ စိုးရိမ်ရပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အန္တရာယ်မဖြစ်ရလေအောင် အောက်ပါအပူဒဏ် အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ ထုတ်ပြန် ၍ နှိုးဆော်ထားပါသည်။
ယင်းနှိုးဆော်ချက်များမှာ-
(၁) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာ တွင် နားနေပါ။
(၂) ပူပြင်းသည့် နေရောင်အောက်တွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်းနှင့် ကိုယ် လက် လှုပ်ရှားခြင်းကို ရှောင်ကြဉ်ပါ။
(၃) ပူပြင်းသည့် နေရောင်အောက်၌ သွားလာ လှုပ်ရှားရန်နှင့် အလုပ်လုပ်ရန် လိုအပ်ပါ က အရိပ်လုံလောက်စွာ ရနိုင်သည့် ထီး၊
ဦးထုပ်များ ဆောင်းပါ။ အေးမြသည့် အရိပ်တွင် ခေတ္တအနားယူခြင်းကို မကြာ ခဏ ပြုလုပ်ပါ။
(၄) အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့၍ ပွသောအဝတ်အထည် များကို ဝတ်ဆင်ပါ။
(၅) နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း နှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုး
ဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်းနှင့် ရေချိုးခြင်းတို့ကို ရှောင်ကြဉ်ပါ။
(၆) အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပါ။
(၇) ခန္ဓာကိုယ်အတွင်း ရေနှင့်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်စေရန် ရေနှင့် ဓာတ်ဆားရည် ကို လုံလောက်အောင် သောက်ပါ။
(၈) မိတ်နှင့်ယားဖုများ ထွက်လျှင် ရေအေး ဝတ် ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ပေးပါ။
(၉) အပူဒဏ်အန္တရာယ် ခံစားနေရသော လူနာ အား အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆားရည်သောက်စေခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်၊ ပေါင် ကြားနှစ်ဖက် ရေအေးပတ်တိုက်ပေးခြင်း စသည်တို့ ပြုလုပ်၍ နီးစပ်ရာ ဆေးရုံ ဆေးခန်းနှင့် ကျန်းမာရေးဌာနသို့ အမြန် ဆုံး သွားရောက်ပြီး ကုသမှုခံယူရပါမည်။
အထက်ဖော်ပြပါအချက်များသည် ကျန်းမာရေး ဝန်ကြီးဌာန၏ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များပင် ဖြစ်ပါသည်။ သတိပြုလိုက်နာဖို့ လိုပါသည်။
အပူငြိမ်းစေသော အစားအစာများ
လူသားတို့၏ပယောဂကြောင့် ယနေ့ ကမ္ဘာ့အပူ ချိန်မြင့်တက်လာရာမှ အပူဒဏ်၏ အန္တရာယ်နှင့် အပူကြောင့်ဖြစ်သော ကျန်းမာရေးဆိုးကျိုးများကို ခံစားနေကြရပါသည်။ အပူဒဏ်ကို ကာကွယ်နိုင်စေ ရန် အထက်မှာဖော်ပြခဲ့သော နည်းလမ်းများကို လိုက်နာဖို့ လိုအပ်သလို အပူငြိမ်းစေသော အစား အစာများကိုလည်း ရွေးချယ်စားသုံးပေးသင့်ပါသည်။ အပူချိန်လွန်ကဲချိန်တွင် ခန္ဓာကိုယ်အတွင်း အပူငြိမ်း စေမည့် အစားအစာများကို စားသုံးဖို့လိုပါသည်။ သာမန်လူတစ်ယောက်၏ အပူချိန်သည် ၉၈ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုပေါ် မူတည်၍ အပူချိန်အတက်အကျမှာ အနည်းငယ် ပြောင်းလဲမှု ရှိပါသည်။
ပြင်ပ၌အပူလွန်ကဲမှုကြောင့် ခန္ဓာကိုယ်အတွင်း အပူဓာတ်များသူများအနေဖြင့် ရေများများသောက် ပြီး မိမိတို့ နေ့စဉ်စားသောက်နေသော အစားအစာ များကိုလည်း ရေဓာတ်ကြွယ်ဝသော အစားအစာ များဖြင့် ဖြည့်စွက်စားသုံးသင့်ပါသည်။ ယင်းအစား အစာများမှာ -
(၁) မုန်လာဥ - မုန်လာဥတွင် ဗီတာမင်စီ (Vitamin C) ပါဝင်သည့်အပြင် ကိုယ်တွင်း အပူချိန်ကို တိုက်ထုတ်ပေးနိုင်သော
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်နေပါ သည်။ ထို့ကြောင့် မုန်လာဥကို စားသုံး သင့်ပါသည်။
(၂) အုန်းစိမ်းရေ - နေအပူရှိန်ပြင်းထန်မှု ကြောင့် ခန္ဓာကိုယ်မှာ ချွေးထွက်သဖြင့် ရေဓာတ်ဆုံးရှုံးစေပါသည်။ အုန်းသီးမှ ရသော အုန်းစိမ်းရေသည် ခန္ဓာကိုယ် အတွင်းရှိ အပူဓာတ်များကို ငြိမ်းစေသဖြင့် သောက်သုံးသင့်ပါသည်။
(၃) တလည်းသီး - တလည်းသီးနှင့် တလည်း သီးဖျော်ရည်သည် ကိုယ်တွင်းအပူကို ငြိမ်းစေပြီး ခန္ဓာကိုယ်ကို အေးမြစေပါ သည်။ ခန္ဓာကိုယ်အတွင်းရှိ အပူများကို စုပ်ယူပစ်သည်ဟု သိရသည်။
(၄) သံပရာသီး - နံနက်စောစောအိပ်ရာထချိန် ၌ သံပရာရည်တစ်ခွက် သောက်ခြင်းသည် ကိုယ်တွင်းအပူငြိမ်းပြီး တစ်နေကုန် ပေါ့ပါးလန်းဆန်းစေပါသည်။
(၅) နှမ်းစေ့ - နှမ်းသည် အပူငြိမ်းစေသည့် အတွက် နှစ်စေ့၊ နှမ်းယိုစသည်တို့ကို အပူ ငြိမ်းအစားအစာအဖြစ် စားသုံးပေးသင့်
သည်။
(၆) သခွားသီးနှင့် ဖရဲသီး - အသီးအနှံများ အနေဖြင့် ရေဓာတ်ကြွယ်ဝသော သခွား သီးနှင့် ဖရဲသီးကိုလည်း စားသုံးသင့်ပါ သည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာ ကိုယ်၏ သုံးပုံတစ်ပုံကို အရည်ဓာတ်ဖြင့် တည်ဆောက်ထားသဖြင့် ခန္ဓာကိုယ် အေးမြစေရန် ရေဓာတ် ၉၀ ရာခိုင်နှုန်း ကျော် ပါဝင်သော သခွားသီးနှင့် ဖရဲသီးကို စားသုံးပေးရပါမည်။ ထို့အပြင် ရေနံ့သာ ပင်စေ့၊ စမုန်စပါးစေ့နှင့် ဘိန်းစေ့၊ မန်ကျည်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ နာနတ်သီးနှင့် ပူစီနံရွက်စသည်တို့ကို စားသုံးသင့်ပါသည်။
ရှောင်ကြဉ်ရမည့်အချက်နှင့် လိုက်နာရမည့်အချက်များ
နေပူရှိန်ပြင်းထန်နေချိန်တွင် ချင်း၊ ငရုတ်ကောင်း၊ ငရုတ်သီး၊ ချောကလက်၊ ဆိုဒါနှင့် ဆီကြော်မုန့်အမျိုး မျိုး၊ အရက်နှင့် ကော်ဖီတို့ကို ရှောင်ကြဉ်ရပါမည်။ နေပူရှိန်ပြင်းထန်သည့်အချိန် အပြင်မှ ပြန်လာလျှင် ရေခဲရေသောက်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။ အမှန်စင်စစ် ရေခဲရေသည် ခဏတာအေးသွားသော် လည်း ဓာတ်သဘောမှာ အပူဖြစ်သည်။ ထို့ကြောင့် အပူရှိန် ပြင်းထန်ချိန်တွင် ရေခဲရေ မသောက်သင့်ပေ။
အပူချိန်ပြင်းထန်နေသော ယခုလိုအခါမျိုးတွင် အပြင်မှပြန်ရောက်ရောက်ချင်း ရေချိုးခြင်းကို မပြု လုပ်ရပါ။ထို့အပြင် အအေးခန်းအတွင်း အချိန်ကြာမြင့် စွာနေပြီး ရုတ်တရက်နေပူထဲသို့ မထွက်သင့်ပါ။ ပြင်းထန်သော ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးကိုလည်း မလုပ်သင့်ပါ။ အပူချိန်ပြင်းသော အခန်းတွင်း၌ အလွန်အေးသော ပန်ကာနှင့် air cooler ကဲ့သို့ အအေးပေးစက်များကို အသုံးမပြုသင့်ပေ။ မိမိ၏ အရေပြားကို နေရောင်ခြည်တိုက်ရိုက် ထိတွေ့မှု မရှိအောင် ကာကွယ်ရပါမည်။ ရေချိုးမည်ဆိုပါက မနက်ပိုင်းတွင် ချိုးသင့်သည်။ ရေမချိုးခင် ရေ တစ်ခွက်သောက်ပါ။ ရေချိုးတော့မည်ဆိုပါက ခြေနှင့် လက်များကို ရေအရင်လောင်းပြီးမှ ချိုးသင့် ပါသည်။ အထူးသဖြင့် ရေများများသောက်ဖို့ လိုပါ သည်။
နိဂုံးချုပ်အနေဖြင့် ဆိုရလျှင် ယခုအခါ အပူချိန် ပြင်းထန်မှုဒဏ်ကို လူတိုင်းခံစားနေကြရပါသည်။ အပူဒဏ်ကြောင့် ဆိုးကျိုးများရှိပါသည်။ ကျန်းမာ ရေးဆိုးကျိုးများ၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီး မှုကြောင့် စားနပ်ရိက္ခာရှားပါးမှုပြဿနာကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ မြစ်ချောင်းအင်းအိုင်တို့ ရေ ခန်းခြောက်လာသဖြင့် သောက်သုံးရေရှားပါးလာ ခြင်းအပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးလည်း ကျရောက်နိုင်ပါသည်။ အထူးသဖြင့် ကျန်းမာရေး ဖြစ်သည်။ ထို့ကြောင့် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးဆိုင်ရာပြဿနာများ၊ ထိုအပူဒဏ်ကို ကာကွယ်ပြီး နေထိုင်ရန် နည်းလမ်းများနှင့် အပူဒဏ် သက်သာစေရန် စားသောက်သင့်သည့် အစားအစာ များကို လေ့လာတင်ပြလိုက်ပါသည်။ နိုင်ငံသူ နိုင်ငံ သားအားလုံး အပူဒဏ်အန္တရာယ်မှ ကင်းဝေးကြ ပါစေ။ ။
- Log in to post comments