အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂၁
မြန်မာနိုင်ငံကို     ဂမ်ဘီယာနိုင်ငံက     အပြည်ပြည်ဆိုင်ရာတရားရုံး  (ICJ) ၌  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ် ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Pre-vention and Punishment of the Crime of Genocide) ကို ကျူးလွန်  ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုခဲ့သည်။
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံး တွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်  မရှိကြောင်း   ကနဦးကန့်ကွက်လွှာကို   မြန်မာနိုင်ငံက  အပြည်ပြည် ဆိုင်ရာတရားရုံးသို့ ၂၀၂၁ ခုနှစ်  ဇန်နဝါရီ  ၂၀  ရက်တွင် တင်သွင်း ခဲ့သည်။ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့်  ကြားနာမှုကို  နယ်သာလန်နိုင်ငံ  သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။
အထက်ပါ  ကနဦးကန့်ကွက်လွှာဆိုင်ရာ  ကြားနာပွဲတွင် မြန်မာ နိုင်ငံ၏    ပထမအကြိမ်   နှုတ်ဖြင့်   လျှောက်လဲမှုကို    ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု   နိုင်ငံတကာ  ရှေ့နေများက  မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံး သို့ တင်ပြလျှောက်လဲခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့်  ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက် တွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်  နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၃ ရက် တွင်လည်းကောင်း၊ ဒုတိယအကြိမ်  နှုတ်ဖြင့်  လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လည်းကောင်း ပြုလုပ်သွားကြမည်ဖြစ်သည်။
ကနဦးကန့်ကွက်လွှာ ကြားနာပွဲသို့ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) နှင့်အတူ ပူးတွဲကိုယ်စားလှယ် (Alternate Agent) ဖြစ်သူ ဥပဒေရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးနှင့်     ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်