
ရန်ကုန် ဒီဇင်ဘာ ၉
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ် မော်ကွန်းကမ္ပည်း ကျောက်စာတိုင်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ကျောက်စာတိုင် မြေမြတ်နေရာမွန်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင်၊ တက္ကသိုလ်ဒုတိယ အဓိပတိ၊ သန်လျင်မင်းကျောင်း ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကို ဦးစီး တည်ထောင်သူ (Founder) တက္ကသိုလ်ဩဝါဒါစရိယ ဖြစ်တော် မူသော နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ၏ အဓိပတိသီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ အဂ္ဂ မဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒအမှူးပြုသော ဆရာတော် ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) သီရိပျံချီ ဦးစိန်ထွားတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး(ယာပုံ) မင်္ဂလာ အချိန် တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မော်ကွန်းကမ္ပည်း ကျောက်စာတိုင်ကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်သည်။ ထိုအချိန်တွင် ဆရာတော်ကြီး များနှင့် အကြီးအကဲများအားလုံး က “ဇယန္တောဗောဓိယာ မူလေ” အစချီသော အောင်ဂါထာကို ရွတ်ဆိုပူဇော်ကြပြီး မော်ကွန်း ကမ္ပည်းကျောက်စာတိုင်ကို အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းချီးမြှင့် တော်မူကြသည်။
ယင်းနောက် နံနက် ၈ နာရီ တွင်(၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ် အောင်ပွဲအခမ်း အနားကို ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ သိမ်လိုဏ်ဂူတော် ကြီးအတွင်း၌ ဆက်လက်ကျင်းပ ရာ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများ၊ သီတဂူ ဆရာတော်နှင့် ပြည်ပနိုင်ငံများမှ သံဃရာဇာ ဆရာတော်ကြီးများ အား အခမ်းအနားဖြင့် ဦးစွာ ပင့်ဆောင်တော်မူကြသည်။
ထို့နောက် သန်လျင်မြို့ မင်းကျောင်း ပရိယတ္တိစာသင် တိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ သီတဂူဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဉာ ဏိဿရနှင့် အိန္ဒိယနိုင်ငံ ဓမ္မဒီပ ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဒေါက်တာ ဘဒ္ဒန္တဓမ္မပီယ၊ အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒတို့က သိမ်လိုဏ်ဂူတော် ကြီးအတွင်းရှိ ဗုဒ္ဓမြတ်စွာရုပ်ပွား တော်မြတ်အား ဆီမီးအလင်း တိုင်များဖြင့် ထွန်းညှိပူဇော်ကြ သည်။
ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာ တော်က တက္ကသိုလ်ငွေရတု ခရီး မှတ်တမ်းကို ဖတ်ကြားသည်။
ဆက်လက်၍ သန်လျင်မြို့ မင်းကျောင်းပရိယတ္တိ စာသင် တိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တက္ကသိုလ် ဖွင့်လှစ်တည်ထောင်ခြင်း (၂၅)နှစ် ပြည့် ငွေရတုသဘင် အထိမ်း အမှတ် ဂုဏ်ပြုဝမ်းမြောက်စကား မိန့်ကြား၍ အခမ်းအနားကို ချီးမြှင့်ဖွင့်လှစ်တော်မူကာ လိုဏ်ဂူ တော်ကြီးအတွင်းရှိ ခေါင်းလောင်း တော်အား ဖွင့်ပွဲအထိမ်းအမှတ် အဖြစ် တီးခတ်ပူဇော်ရာ ဥပသကာ များက လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်းလောင်းတော် ၁၀၈ လုံးတို့ အား တစ်ပြိုင်နက်တည်း ကိုးကြိမ် တီးခတ်ပူဇော်ကြသည်။
ထို့နောက် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ဦးစီးတည်ထောင် သူ (Founder) တက္ကသိုလ် ဩဝါဒါ စရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက တက္ကသိုလ် ဖွင့်လှစ်တည်ထောင် ခြင်း (၂၅)နှစ်ပြည့် ငွေရတု သဘင် အထိမ်းအမှတ် ဂုဏ်ပြု ဝမ်းမြောက်စကား မိန့်ကြား ချီးမြှင့်သည်။
ယင်းနောက် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏက တက္ကသိုလ် ဖွင့်လှစ်တည်ထောင်ခြင်း (၂၅)နှစ် ပြည့် ငွေရတုသဘင် အထိမ်း အမှတ် ဂုဏ်ပြုဝမ်းမြောက်စကား မိန့်ကြားချီးမြှင့်သည်။
ဆက်လက်၍ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ကိုးကွယ်မှုဘာသာ ရေးနှင့် သာသနာပြုမဟာဌာန၊ ဌာနကြီးမှူးဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇနကက ဒီဇင်ဘာ ၇ ရက် တွင် Buddhist Studies in the 21st Century: Challenges and Opportunities ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ် ငွေရတုအထိမ်းအမှတ် စာတမ်း ဖတ်ပွဲရလဒ် ကြေညာချက်စာတမ်း ကို ဖတ်ကြားကြေညာသည်။
ထို့နောက် သီရိလင်္ကာနိုင်ငံ အမရပူရဂိုဏ်းသံဃရာဇာ သဘာ ဥက္ကဋ္ဌဆရာတော်၊ လာအိုနိုင်ငံ သံဃရာဇာအဖွဲ့ အမြဲတမ်းအဖွဲ့ဝင် ဆရာတော်၊ ဗီယက်နမ်နိုင်ငံ သံဃရာဇာအဖွဲ့ဝင် ဆရာတော်၊ ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာ အဖွဲ့ဝင် ဆရာတော်တို့က တက္ကသိုလ် ဖွင့်လှစ်တည်ထောင် ခြင်းအထိမ်းအမှတ် ဂုဏ်ပြု ဝမ်းမြောက်စကားများ မိန့်ကြား ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က ဂုဏ်ပြု စကားလျှောက်ထားပြီး အခမ်း အနားသို့ တက်ရောက်လာကြ သော နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E Mr. Janaka Bandara က ဂုဏ်ယူဝမ်းမြောက် စကားလျှောက်ထားကာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင် ဝမ်းမြောက်စကား လျှောက်ထားသည်။
ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်း ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာ ဆရာတော်ကြီးများ အား တက္ကသိုလ်ဖွင့်လှစ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုသဘင် အထိမ်းအမှတ် တက္ကသိုလ်ပုံ ရွှေဇဝါယွန်းပန်းချီ ကားချပ်များကို ပြည်ထောင်စု ဝန်ကြီး အမှူးပြုသော အကြီးအကဲ များက ဆက်ကပ်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းသား ၃၁၁ ပါး/ဦး ပညာသင်ကြားလျက်ရှိ
အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သည် မြတ်ဗုဒ္ဓ၏ ထေရဝါဒဗုဒ္ဓဓမ္မ စစ်စစ်ကို ကမ္ဘာသို့ ပျံ့နှံ့စေ ရန် သင်ကြားပေးလျက်ရှိသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး ယခု ပြည့်မြောက်သော ငွေရတုကာလ အထိ တက္ကသိုလ်သို့ တက်ရောက် အောင်မြင်ခဲ့သည့် ပြည်တွင်း ပြည်ပ သင်တန်းသားများအနက် ပါရဂူဘွဲ့ရရှိသူ ၄၅ ပါး/ဦး၊ မဟာ ဝိဇ္ဇာဘွဲ့ရရှိသူ ၂၃၃ ပါး/ဦး၊ ဝိဇ္ဇာ ဘွဲ့ရရှိသူ ၈၄၁ ပါး/ဦး၊ ဒီပလိုမာ အောင်လက်မှတ်ရရှိသူ ၁၂၇၆ ပါး/ ဦး စုစုပေါင်း ၂၃၉၅ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ကာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်တွင်း/ပြည်ပ သင်တန်းသား စုစုပေါင်း ၃၁၁ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်