
နေပြည်တော် ဒီဇင်ဘာ ၃
မြန်မာ့လူ့ဘောင် အဖွဲ့အစည်း အတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာ စေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရန် နှင့် မသန်စွမ်းသူများ၏ ဂုဏ် သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထား ဂရုပြုတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ် မသန်စွမ်း အားကစားပြိုင်ပွဲကို နေပြည်တော် ကောင်စီနယ်မြေ၊ လူငယ်ရေးရာ ကော်မတီက ကြီးမှူး၍ ယနေ့ နံနက် ၈ နာရီတွင် လယ်ဝေး မြို့နယ် အားကစားလေ့ကျင့်ရေး စခန်း(၂)၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ စိုးဝင်းက အမှာစကား ပြောကြားပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် (နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုးက ပြိုင်ပွဲဝင်အားကစား သမားများကို နှုတ်ခွန်းဆက် အမှာ စကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် မသန်စွမ်း အားကစားသမားများ ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ Wheel Chair မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိကြ သူများကို အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကလည်းကောင်း၊ မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယ ဆုရရှိကြသူများကို နေပြည်တော် ကောင်စီ အဖွဲ့ဝင် (နေပြည်တော် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ) က လည်း ကောင်း၊ မီတာ ၁၀၀ (ကျား/မ)အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြ သူများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်း ကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပြေး ခုန်ပစ် အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အမျိုး အစား နှစ်မျိုး ကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည် တော်မှ မသန်စွမ်း အားကစား သမား ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်