အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့်  မလေးရှားနိုင်ငံ Sunway Medical Centre တို့ သဘောတူစာချုပ်ရေးထိုး

 

ရန်ကုန်    ဇွန်   ၂၃
အပြည်ပြည်ဆိုင်ရာ     မြန်မာ လေကြောင်းလိုင်း  (MAI)  နှင့် မလေးရှားနိုင်ငံရှိ     Sunway Medical Centre  (SMC)   တို့ အကြား   မိတ်ဖက်အဖွဲ့အစည်း အဖြစ်     သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက  ရန်ကုန်မြို့ ပြည်လမ်းရှိ  International Busi-ness Center (IBC) ရှိ MAI ရုံးချုပ် ၌ ကျင်းပသည်။ 
ယင်းသို့ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် Sunway Medical’s Wellness Center   ရှိ   Health screening Package များအပေါ် တွင်   ၁၅  ရာခိုင်နှုန်းအထိ  အထူးလျှော့စျေးရရှိနိုင်မည်ဖြစ်ပြီး SMC စင်တာ၏    ဧည့်သည်များအနေ ဖြင့်  MAI  လေကြောင်းလိုင်းနှင့် လိုက်ပါစီးနင်းရာတွင်    အထူး သီးသန့်အကျိုးခံစားခွင့်များ ရရှိ မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်   Business     နှင့် Economy အမျိုးအစား လေယာဉ် ခရီးစဉ်လက်မှတ်များအပေါ်တွင် ၁၀  ရာခိုင်နှုန်း   အထူးလျှော့စျေး၊ အပိုခရီးဆောင်အိတ် ၁၀  ကီလို သယ်ဆောင်ခွင့်နှင့် အခြားသော အထူးလျှော့စျေးများ ရရှိနိုင်မည်ဖြစ်သည်။                                                     
ထို့ပြင်      မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ   စဉ်ဆက် မပြတ်    တိုးပွားနေသည့်      ခရီး သွားလာလိုမှုများကို  ဖြည့်ဆည်း ပေးရန် MAI က ဇူလိုင် ၁၅ ရက်မှ စ၍      ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်လေယာဉ်ခရီးစဉ်များ ကို   အပတ်စဉ်  တစ်ပတ်လျှင်  ၁၁ ကြိမ်အထိ တိုးမြှင့်ပြေးဆွဲသွား မည်ဖြစ်ပြီး       ပြည်ပနိုင်ငံတွင် ဆေးကုသမှုခံယူရန်  သွားရောက် ကြမည့်  ခရီးသည်များအနေဖြင့်   ခရီးစဉ်များ စီစဉ်ရာ၌ပိုမိုအဆင်ပြေ ချောမွေ့စေရန်  MAI  ၏  ခရီးစဉ် များအားလုံးကို    ခရီးဆောင်အိတ် အပိုကီလို     သယ်ဆောင်ခွင့်နှင့် ခရီးသွားရက်       ပြောင်းလဲခြင်း အတွက် အထူးလျှော့ပေါ့နှုန်းထား များ ဝန်ဆောင်မှု  ပေးသွားမည် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ   မြန်မာ လေကြောင်းလိုင်း(MAI) အနေဖြင့် လက်ရှိတွင်  ရန်ကုန်နှင့် မန္တလေး မြို့ကို    အခြေပြုပြီး   ပြည်တွင်းရှိ မြို့များအပြင် နိုင်ငံတကာအနေ ဖြင့်  ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊   အိန္ဒိယ၊   ယူအေအီး၊ ကမ္ဘောဒီးယား၊     ဗီယက်နမ်၊ တောင်ကိုရီးယား     အပါအဝင် မြို့ပေါင်း ၂၇  မြို့ကို လေယာဉ် ၁၀   စင်း    ပျံသန်းပြေးဆွဲပေးနေ ကြောင်း သိရသည်။          
  အာကာလင်း