
ရန်ကုန် စက်တင်ဘာ ၅
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ရန်ကုန်-မန္တလေး-နိုဗိုဆီ ဘရစ် ခရီးစဉ်စတင်ပျံသန်းခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော် ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့ အခြေစိုက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Pavel Klapukov ၊ လေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်းများမှ အရာ ထမ်းများ/အမှုထမ်းများ၊ အပြည် ပြည်ဆိုင်ရာ မြန်မာလေကြောင်း နှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Yangon Aerodrome Company Limited မှ CEO နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တို့သည် နှစ်နိုင်ငံအကြား အပြန်အလှန် လေကြောင်း ကွန်ရက်ချိတ်ဆက် မှုကို ဆောက်ရွက်နိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေးသဘော တူညီချက်တစ်ရပ်ကို ၁၉၇၀ ပြည့် နှစ်က လက်မှတ်ရေးထိုးခဲ့ကြပြီး လေကြောင်းပို့ဆောင်ရေး သဘော တူညီချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ Aeroflot လေကြောင်း လိုင်းက ရန်ကုန် - မော်စကိုအသွား အပြန် တိုက်ရိုက်လေကြောင်း ခရီးစဉ်များကို ၁၉၇၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပျံသန်းခဲ့ပါ ကြောင်း၊ ယခုအခါအပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် တိုက်ရိုက်ခရီးစဉ် ဖွင့်လှစ် ပျံသန်းခြင်းဖြင့် နှစ်နိုင်ငံအကြား လေကြောင်းကွန်ရက် ချိတ်ဆက် မှုကို ပြန်လည်သက်ဝင်စေတော့ မည်ဖြစ်ကြောင်း၊ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းက စတင်ပျံသန်းသည့် လေကြောင်း ခရီးစဉ်သစ်သည် မြန်မာနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တို့အကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်မှု မှာ ပဓာနကျသည့် ရှေ့ခြေလှမ်း သစ်တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ- ရုရှားလေကြောင်း ကွန်ရက် ချိတ်ဆက်မှုမှတစ်ဆင့် နှစ်နိုင်ငံ အကြား အဓိကကျသော ခရီးသွား လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး မြင့်မားလာနိုင်ပြီး ကဏ္ဍအားလုံး တွင် ရင်းနှီးစွာပူးပေါင်းဆောင် ရွက်မှုများ ရှိလာနိုင်မည်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှု အတွက် များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း၏ ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် ခရီးစဉ်ပြေးဆွဲခြင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်း အနားသို့ တက်ရောက်လာကြသူ များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် သည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လွယ်ကူစွာ သိရှိနိုင်ရန်အတွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလာရေး သတင်းပြန်ကြား ရေးကောင်တာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့များနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံရှိ နိုဗိုဆီဘရစ်မြို့အကြား တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ် လျှင် နှစ်ကြိမ် (အင်္ဂါနေ့နှင့် စနေ နေ့) တို့တွင် ပုံမှန်ပျံသန်းမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်