အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပမည်

 

နေပြည်တော်   ဒီဇင်ဘာ   ၁


၂၀၀၃  ခုနှစ်   အောက်တိုဘာ ၃၀ ရက်တွင်   ကုလသမဂ္ဂ အထွေထွေ ညီလာခံဆုံးဖြတ်ချက် ၅၈/၄ ဖြင့်   ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ  သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော  ကုလသမဂ္ဂအဂတိလိုက်စား မှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းက  ဒီဇင်ဘာ ၉ ရက်ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်   ၂၀၁၂ ခုနှစ်    ဒီဇင်ဘာ  ၁၂   ရက်တွင်     အဆိုပါကွန်ဗင်းရှင်းသို့   တရားဝင်အတည်ပြုဝင်ရောက်ခဲ့ပြီး    ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး  အပြည်ပြည်ဆိုင်ရာ   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အခြားကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနည်းတူ   မိမိနိုင်ငံတွင် လည်း နှစ်စဉ်ကျင်းပလျက်ရှိသည်။

 


(၁၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စား မှု   တိုက်ဖျက်ရေးနေ့    အထိမ်းအမှတ်အခမ်းအနားကို   နေပြည်တော်၊   မြန်မာအပြည်ပြည်ဆိုင်ရာ    ကွန်ဗင်းရှင်း ဗဟိုဌာန  (၁) (MICC-I)၊ ကျောက်စိမ်းခန်းမတွင် ဒီဇင်ဘာ ၉ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                         

သတင်းစဉ်