အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်  မေ   ၁၈


ရန်ကုန်တိုင်း      ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ   သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်  ဘွဲ့နှင်းသဘင်  ခန်းမဆောင်ကြီး   ဆောက်လုပ်ရန်အတွက်  ရတနာ အုတ်မြစ်တော်စီ  မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်  ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့    နိုင်ငံတော် သံဃမဟာ         နာယကအဖွဲ့ အကျိုးတော်ဆောင်၊ တက္ကသိုလ် ဒုတိယအဓိပတိ   မန္တလေးတိုင်း ဒေသကြီး         မဟာအောင်မြေ မြို့နယ် မစိုးရိမ်တိုက်သစ် မဟာ နာယက၊ ဓမ္မသမိဒ္ဓိကျောင်းတိုက် ပဓာနနာယက   ဆရာတော်အဂ္ဂ မဟာပဏ္ဍိတ   အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဘဒ္ဒန္တ   ဝါသေဋ္ဌာ ဘိဝံသ၊ နိုင်ငံတော် ဩဝါဒါစရိယ၊ တက္ကသိုလ်ဩဝါဒါစရိယ   သီတဂူ ကမ္ဘာ့      ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ   အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ          မဟာဓမ္မ ကထိက  ဗဟုဇနဟိတဓရ သီတဂူ ဆရာတော်ကြီး  ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ       သာသနာပြု တက္ကသိုလ်          ပါမောက္ခချုပ် ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက  ဗဟုဇနဟိတ ဓရ    ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဦးဆောင် အလှူဒါယကာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်၊  ဇနီး ဒေါ်ကြူကြူလှနှင့်  မိသားစုဝင် များ၊ ကောင်စီတွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊   ကောင်စီဝင်များနှင့်ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ်ရေး     ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ငါးပါးသီလခံယူ
ဦးစွာ   မဟာမင်္ဂလာ  အခမ်း အနား  အစီအစဉ်  ပထမပိုင်းကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့     ဖွင့်လှစ်ပြီး နိုင်ငံတော်  သံဃမဟာနာယက အဖွဲ့  အကျိုးတော်ဆောင် မစိုးရိမ် တိုက်သစ်   ဆရာတော်ကြီးထံမှ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး        အမှူးပြုသည့် ဧည့်ပရိသတ်များက   ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဥပါသကာများက ရတနာ  အုတ်မြစ်တော်များနှင့် အုတ်မြစ်တော်စီရာတွင် အသုံးပြု မည့် ရွှေဒယ်များ၊ ရွှေသံလက်တော် များအား         သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး  ဆရာတော်၊ သံဃာတော်များ          ရွတ်ပွား သရဇ္ဈာယ်    ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို  နာယူ ကြည်ညိုကြသည်။
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီး၊ ကောင်စီဝင်များနှင့်         ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ အခမ်းအနားတက်ရောက် လာကြသူများက  ဆရာတော်ကြီး များထံ   လှူဖွယ်ပစ္စည်းများကို ဆက်ကပ်       လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ သီတဂူ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ဆက်လက်၍   အခမ်းအနား ဒုတိယပိုင်းကို   ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက      မင်္ဂလာ အခါတော်စာတမ်းကို   ဖတ်ကြား ပြီး  မင်္ဂလာအချိန်တွင် ဦးဆောင် အလှူဒါယကာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး          မင်းအောင်လှိုင်က တက္ကသိုလ်ဘွဲ့နှင်းသဘင်  ခန်းမ ဆောင်         အလယ်ဗဟိုချက် တည့်တည့်၌    ပတ္တမြားရတနာ အုတ်မြစ်တော်ကို စီသွင်းသည်။ ထိုအချိန်တွင်   နိုင်ငံတော်ဩဝါဒါ စရိယ   သီတဂူဆရာတော်ကြီးက မဟာပထဝီဇယ မန္တာန်တော်ကြီး ကို  ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်ပေး တော်မူသည်။ ထို့နောက် ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်   ပြည် ထောင်စုဝန်ကြီးများ၊ အလှူရှင် များက    ရတနာအုတ်မြစ်တော် များကို       သတ်မှတ်ထားသည့် အရပ်ရှစ်မျက်နှာရှိ နေရာအသီးသီး ၌ အစဉ်လိုက်စီသွင်းကြသည်။
ပရိတ်နံ့သာရည်များ
ပက်ဖျန်း
ယင်းနောက်  ဦးဆောင်အလှူ ဒါယကာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်က       ခန်းမဆောင် အလယ်ဗဟိုချက်   တည့်တည့်ရှိ ပတ္တမြား  ရတနာအုတ်မြစ်တော် အား       မြေသရွတ်တော်ဖြင့်    အခိုင်အခံ့ပြုလုပ်ကာ       ပရိတ် နံ့သာရည်များ ပက်ဖျန်းပေးသည်။ ဆက်လက်၍  ကြွရောက်တော်မူ ကြသည့် ဆရာတော်၊ သံဃာတော် များ၊   ဦးဆောင်အလှူဒါယကာ နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး   အမှူးပြုသည့်  ဧည့် ပရိသတ်များက      “ဇယန္တော ဗောဓိယာမူလေ” အစချီနှစ်ဂါထာ ကို ရွတ်ဆိုပူဇော်ကြပြီး ရတနာ အုတ်မြစ်တော်စီ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”  သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ရတနာအုတ်မြစ် တော်စီအခမ်းအနား  အောင်မြင် ခြင်း        အထိမ်းအမှတ်အဖြစ် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က    ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်ဇနီး၊  အခမ်း အနား တက်ရောက်လာကြသူများ က ဆရာတော်ကြီးများကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု   တက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်း  သဘင်ခန်းမ ဆောင်ကြီးကို      ပါမောက္ခချုပ် ဆရာတော်     အရှင်ဆေကိန္ဒ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာအဆင့် မီ   ဘွဲ့နှင်းသဘင်ခန်းမဆောင် အဖြစ်   ဆောက်လုပ်ရန်   စီမံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ဘွဲ့နှင်း သဘင်ခန်းမဆောင်ကြီး ဆောက် လုပ်ရန်အတွက် ဦးဆောင်အလှူ ဒါယကာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး   မိသားစုနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ ခြင်းဖြစ်သည်။   ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီးသည်   အလျား ၂၀၄ ပေ၊ အနံ ၁၅၄ ပေ၊ အမြင့် ၉၃ ပေ ၆ လက်မရှိ ၄ ထပ်ဆောင်သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဓာတ်လှေကားများ၊  ကားရပ်နား ရန် နေရာများ၊  ဘက်စုံသုံးခန်းမ၊ စာကြည့်တိုက်၊       စာသင်ခန်း၊ ရုံးခန်း၊   ဧည့်သံဃာတော်များ အတွက် အိပ်ဆောင်များ ပြည့်စုံ စွာဖြင့်  ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကာ  အပြည်ပြည် ဆိုင်ရာထေရဝါဒ  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊   တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်ကြီး   တည် ဆောက်ပြီးစီးပါက သံဃာတော် အပါး   ၇၀၀ အား     နိုင်ငံတကာ အဆင့်မီ   ဘွဲ့နှင်းသဘင်   အခမ်း အနားများကို ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။                      

သတင်းစဉ်