
လင်းလက်
၂၀၂၁ ခုနှစ်အတွက် TI ၏ CPI အညွှန်းကိန်းများ ထုတ်ပြန်ခြင်း
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့ (Transparency International – TI) သည် ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် အဂတိလိုက်စားမှုအပေါ် သဘောထားအမြင်များ ကို စုစည်းတင်ပြလေ့ရှိသည့် အဖွဲ့အစည်းဖြစ်ပါ သည်။ အဖွဲ့အစည်း ၁၂ ခုမှ အညွှန်းကိန်း ၁၃ ခုကို အခြေခံ၍ ကျွမ်းကျင်ပညာရှင်များ၏ အကဲဖြတ် သုံးသပ်ချက်များနှင့် သဘောထားအမြင် စစ်တမ်း ရလဒ်များကို ပေါင်းစပ်၍ ရရှိလာသော ပျမ်းမျှ ရမှတ် အများ၊ အနည်းအလိုက် နိုင်ငံအဆင့် သတ်မှတ်ချက်များကို ဖော်ပြလေ့ရှိပါသည်။ TI အညွှန်းကိန်းပါ ရမှတ် “၀” သည် အဂတိလိုက်စားမှု အဆိုးရွားဆုံးအခြေအနေကို ဖော်ပြခြင်းဖြစ်ပြီး ရမှတ် “၁၀၀”သည် အဂတိလိုက်စားမှု လုံးဝ ကင်းစင်သည့် အခြေအနေကို ကိုယ်စားပြုပါ သည်။
၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ အဂတိ လိုက်စားမှုအညွှန်းကိန်းကို ၂၅-၁-၂၀၂၂ ရက်နေ့ တွင် TI မှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက် တွင် နိုင်ငံပေါင်း ၁၈၀ ၏ ရမှတ်နှင့် အဆင့်များကို ဖော်ပြထားပြီး ဒိန်းမတ်နိုင်ငံ၊ ဖင်လန်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် ရမှတ် ၈၈ မှတ်ဖြင့် အဆင့် ၁ ရရှိခဲ့ပြီး တောင်ဆူဒန်နိုင်ငံသည် ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၁၈၀ နေရာရရှိခဲ့ပါသည်။ နိုင်ငံစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် ရမှတ် ၅၀ အောက်တွင်ရောက်ရှိနေပြီး ပျမ်းမျှရမှတ်အနေဖြင့် ၄၃ မှတ်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရမှတ် ၂၈ မှတ်ဖြင့် နိုင်ငံအဆင့် ၁၄၀ တွင် တည်ရှိနေ ပါသည်။
မြန်မာနိုင်ငံ၏ CPI အညွှန်းကိန်း
ရမှတ်များအခြေအနေ
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ် ရေးစနစ်ကို ပုံဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူ့အသိုက်အဝန်းတစ်ခု ပေါ်ထွန်းလာရေးအတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ စုံစမ်း စစ်ဆေးရေးနှင့် အများပြည်သူ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။
TI အစီရင်ခံစာများပါ မြန်မာနိုင်ငံ၏ ရမှတ်များ ကို လေ့လာသုံးသပ်ကြည့်ပါက ၂၀၁၂ ခုနှစ်တွင် ရမှတ် ၁၅ မှတ်သာ ရရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ ရမှတ်များသည် တိုးတက်လာ သည်ကို တွေ့မြင်နိုင်ပါသည်။ ရလဒ်များအရ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ခဲ့ပြီး သိသာ ထင်ရှားသော အောင်မြင်မှုများရရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရမှတ်အခြေအနေ များကို လေ့လာကြည့်ပါက အောက်ဖော်ပြပါ အတိုင်း တွေ့ရှိရပါသည်-
အညွှန်းကိန်းခုနစ်ခုအပေါ်အခြေခံ
၂၆-၁၁-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများနှင့် အပြည်ပြည် ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transpa- rency International – TI)မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် TI အနေဖြင့် CPI အညွှန်းကိန်း များကို အဖွဲ့အစည်း ၁၂ ဖွဲ့မှ အညွှန်းကိန်း ၁၃ ခုကို အခြေခံတွက်ချက်သော်လည်း မြန်မာနိုင်ငံအတွက် မူ အဂတိလိုက်စားမှု အညွှန်းကိန်းကို အဖွဲ့ အစည်း ခုနစ်ဖွဲ့၏ အညွှန်းကိန်း ခုနစ်ခုအပေါ် အခြေခံတွက်ချက်ခဲ့သည်ဟု ဆွေးနွေးတင်ပြခဲ့ ပါသည်-
(က) ကမ္ဘာ့ဘဏ်၏ နိုင်ငံ့မူဝါဒနှင့် အင်စတီ ကျူးရှင်းဆိုင်ရာ အကဲဖြတ်မှု (World Bank Country Policy and Institu- tional Assessment) – ကမ္ဘာ့ဘဏ် လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Inter- national Development Associ- ation)၏ (၁) စီးပွားရေးကဏ္ဍစီမံခန့်ခွဲမှု၊ (၂) အဖွဲ့အစည်းဆိုင်ရာမူဝါဒများ၊ (၃) လူမှုအဖွဲ့အစည်းအားလုံးပါဝင်နိုင်မှုနှင့် တန်းတူညီမျှမှု၊ (၄) ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ပြည့်ဝမှုစသည့် ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအတွက် အဓိကျသည့်ကဏ္ဍ ၄ ရပ် အပေါ် အခြေခံသုံးသပ်ထားသည့် ရလဒ် များ၊
( ခ ) စီးပွားရေးကဏ္ဍအခြေအနေနှင့် အဂတိ လိုက်စားမှု အန္တရာယ်ရှိမှုဆိုင်ရာ အညွှန်း ကိန်းများ (Global Insights Business Conditions and Risk Indicators) - နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုး ရေး၊ အခွန်လုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင် လုံခြုံမှုနှင့် အခြားလုပ်ငန်းစဉ်များ တွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကြုံတွေ့ရနိုင်သည့် အဂတိလိုက်စားမှု အန္တရာယ်ရှိမှုအခြေအနေများကို သုံးသပ် ထားသည့် ရလဒ်များ၊
( ဂ ) ဘာ့(ထ်)မန်းစတစ်(ဖ်)ထွန်(ထ်)ဖောင်ဒေး ရှင်း၏ အသွင်ကူးပြောင်းမှု အညွှန်းကိန်း ( Bertlsmann Stiftung Foundation Transformation Index) – နိုင်ငံများ ၏ အသွင်ကူးပြောင်းမှုစီမံခန့်ခွဲမှု စွမ်းဆောင်ရည်နှင့် ပတ်သက်သည့် အခြေအနေများကို အခြေခံအချက် ၁၇ ချက်ဖြင့် သုံးသပ်ထားသည့် ရလဒ်များ၊
(ဃ) ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု အစီအစဉ် ၏ တရားဥပဒေစိုးမိုးရေး အညွှန်းကိန်း (World Justice Project Rule of Law Index) – တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု၊ တရား ဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက် နိုင်မှု၊ အားသာချက်နှင့် အားနည်းချက် များကို သုံးသပ်ထားသည့် ရလဒ်များ၊
( င ) နိုင်ငံရေးဆိုင်ရာ အန္တရာယ်ရှိမှု သုံးသပ် ရေးအဖွဲ့၏ ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး အန္တရာယ်ရှိမှု လမ်းညွှန်ချက်(Political Risk Services Group International Country Risk Guide) – နိုင်ငံရေး နယ်ပယ်တွင် ဖြစ်ပေါ်နေသည့် အဂတိ လိုက်စားမှုများကို သုံးသပ်ထားသည့် ရလဒ်များ၊
( စ ) ဒီမိုကရေစီ စနစ်အမျိုးမျိုးအား သုံးသပ် ရေးအစီအစဉ် (Varieties of Democracy Project – V Dem) – ရွေးကောက်ပွဲဖြစ်စဉ် များ၊ လစ်ဘရယ်စနစ်၊ အားလုံးပါဝင် နိုင်မှု၊ ဆုံးဖြတ်နိုင်ခွင့်အာဏာ ခွဲဝေ ကျင့်သုံးမှု၊ သာတူညီမျှမှု၊ အများသဘော ဆန္ဒ အလေးထားမှုနှင့် တစ်ဦးဆန္ဒကို အလေးထားဆုံးဖြတ်မှု စသည့် ဒီမို ကရေစီစံနှုန်းများအပေါ် သုံးသပ်ထား သည့် ရလဒ်များ၊
(ဆ) စီးပွားရေးပညာရှင်များအစုအဖွဲ့၏ နိုင်ငံ အလိုက် သုံးသပ်ချက်များ (Economic Intelligence Unit Country Risk Service) – ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများအပေါ် သုံးသပ်ထားသည့် ရလဒ်များ၊
သို့ဖြစ်ရာ CPI အညွှန်းကိန်း တိုးတက်လာစေရေး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင်ရေးဆောင်ရွက်ရန်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပြင် ပြည်သူလူထု အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်း များက အင်တိုက်အားတိုက် အားဖြည့်ပါဝင် ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါသည်။
Global Corruption Barometer (GCB) ၏ ၂၀၂၀ အစီရင်ခံစာ
GCB အစီအစဉ်ကို ၂၀၀၃ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ရလဒ်ဖော်ပြမည့် နိုင်ငံ၏ နိုင်ငံသား များကို အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အတွေ့ အကြုံ သဘောထားအမြင်များကို စစ်တမ်း ကောက်ယူကာ ၎င်းတို့၏ သဘောထားအမြင်များကို စုစည်းပြုစု၍ CPI အညွှန်းကိန်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ GCB အနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း အာရှဒေသတွင်းရှိ နိုင်ငံ ၁၇ နိုင်ငံတွင်းမှ အသက် ၁၈နှစ်အထက် ပြည်သူ ၂၀၀၀၀ ခန့်ကို စစ်တမ်းကောက်ယူခဲ့ပြီး ယင်း စစ်တမ်းရလဒ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ GCB အစီရင်ခံစာအရ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ဆောင်ချက်များ ထိရောက် ကောင်း မွန်မှု ရှိ/မရှိ အပေါ် မြန်မာနိုင်ငံရှိ လူဦးရေ ၁၀၀၀ ခန့်ကို စစ်တမ်းမေးမြန်း ကောက်ယူခဲ့ရာ ၎င်းတို့၏ တုံ့ပြန်ဖြေကြားမှုများအရ အဂတိလိုက်စားမှုတိုက် ဖျက်ရေး အေဂျင်စီများ၏ လုပ်ဆောင် မှုများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်များကို ကောက် ယူခဲ့သည့် ဒေသတွင်း ၁၇ နိုင်ငံတွင် ပျမ်းမျှ ၆၃ ရာခိုင်နှုန်းရှိရာ မြန်မာနိုင်ငံအနေဖြင့် ပျမ်းမျှရာခိုင် နှုန်းထက် ကျော်လွန်ကာ ဒေသတွင်း နိုင်ငံများ အနက် အမြင့်ဆုံးအဆင့် ၉၄ ရာခိုင်နှုန်း ရရှိခဲ့သည်ကို တွေ့ရှိရပါသည်-
ထို့အပြင် အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ဆောင်မှုများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်တွင်လည်း ပျမ်းမျှ ၆၁ ရာခိုင်နှုန်း တွင် အမြင့်ဆုံးအဆင့် ၉၃ ရာခိုင်နှုန်း ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။
ထိရောက်သော ဆောင်ရွက်မှုများ
အဆိုပါ စစ်တမ်းရလဒ်များကို အခြေခံ သုံးသပ် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ၂၀၁၄ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းကာလအားဖြင့် နုနယ်သေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်အထိ ခေတ်အဆက်ဆက် ဖွဲ့စည်းခဲ့သည့် ကော်မရှင် အသီးအသီးသည် မိမိတို့၏ ခေတ်စနစ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုများကို အချိန်တို အတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရှိရပါသည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ အပါ အဝင် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင် မှုသည် အရေးကြီးသည်ကို တွေ့ရှိရသဖြင့် ကော်မရှင်သည် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု ကိုရယူရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ထို့အပြင် အဂတိ လိုက်စားမှုများကို သတင်းပေး ဖော်ထုတ်တိုင်ကြားမှု ယန္တရား ခိုင်မာအားကောင်းလာစေရေးနှင့် အဂတိ လိုက်စားမှုများကြောင့် ပြည်သူလူထု၏ ဆုံးရှုံး နစ်နာမှုများကို သတင်းပေးဖော်ထုတ်တိုင်ကြားသူများအား အကာအကွယ်ပေးနိုင်ရေးအတွက် အများပြည်သူအကျိုး သတင်းပေးဖော်ထုတ် တိုင်ကြားသူများ အကာအကွယ်ရေးဥပဒေ “Public Interest Whistleblower Protection Law” ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။
ကဏ္ဍပေါင်းစုံပူးပေါင်းရန်လို
မြန်မာနိုင်ငံ၏ CPI အညွှန်းကိန်းများကို လေ့လာသုံးသပ်ကြည့်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ရမှတ်များ တိုးတက် လာသည်ကိုတွေ့ရှိနိုင်ပါသည်။ ထို့ပြင် GCB ၏ စစ်တမ်းရလဒ်အရ အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်မှုများနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင် မှုများအပေါ် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထု၏ ယုံကြည်မှု မြင့်မားလာခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အတိုင်းအတာ တစ်ခုအထိ အောင်မြင်လာပြီဟု ဆိုနိုင်ပါသည်။ သို့ရာတွင် CPI အညွှန်းကိန်း သိသိသာသာ တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ရန် လိုအပ်နေဆဲပင်ဖြစ်ပါသည်။ CPI အညွှန်းကိန်း သုံးသပ်မှုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကဏ္ဍ တစ်ခုတည်းအပေါ် သုံးသပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် ကဏ္ဍစုံပါဝင် သဖြင့် သက်ဆိုင်ရာ ကဏ္ဍများတွင်လည်း အစဉ်မပြတ် ပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ် ရန် လိုအပ်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။ ။
ရည်ညွှန်း ကိုးကားသည့် စာအုပ်စာစောင်များစာရင်း
- ကော်မရှင်၏ အသိပေးထုတ်ပြန်ချက်နှင့် အခြားအချက်အလက်များ
- TI website ပါအချက်အလက်များ
- Global Corruption Barometer 2020
- Log in to post comments