အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဇွန်   ၂၆


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်   တရားမဝင်   ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင်    မြန်မာနိုင်ငံ တစ်ဝန်း   တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ   မူးယစ်ဆေးဝါးနှင့်   ဓာတု ပစ္စည်းများ  မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား များကို   ယနေ့တွင်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ  ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့၌  ကျင်းပ ပြုလုပ်သည်။


ဦးစွာ     ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက် ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်း၌ နံနက် ၆ နာရီက ကျင်းပသည့် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင်   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး   ဗဟို အဖွဲ့ဥက္ကဋ္ဌ၊     ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊   ရန်ကုန်တိုင်းဒေသကြီး    စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များ၊   မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်၍ ရန်ကုန်တိုင်းဒေသကြီး၊     ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာ နိုင်ငံ အောက်ပိုင်းဒေသတို့မှ ဖမ်းဆီးရမိ သော ဘိန်း ၀ ဒသမ ၀၀၂ ကီလို၊ ဘိန်းဖြူ ၂၄၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၈ သန်းကျော်၊ အိုက်စ်  ၅၃၃၁  ကီလို ကျော်၊ ဘိန်းစာမှုန့်  ၂၁၈၅   ကီလိုကျော်၊ ကတ်တမင်း ၈ ကီလိုကျော်၊ ဆေးခြောက် ၉၂ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၂ မျိုးနှင့် ဓာတုပစ္စည်း သုံးမျိုး စုစုပေါင်း တန်ဖိုး ငွေကျပ် ၃၂၀ ဒသမ ၁၆ ဘီလီ ယံကျော် (အမေရိကန်ဒေါ်လာ ၂၀၀ ဒသမ ၁၀ သန်းကျော်)  ကို   မီးရှို့ဖျက်ဆီးခဲ့ သည်။ 


မန္တလေး


အလားတူ   မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံမြို့နယ်      ဥပုသ်တော် ရပ်ကွက်ရှိ ရွှေမန်းတောင်အားကစားကွင်း ၌  နံနက် ၈ နာရီတွင် ကျင်းပသည့်  မီးရှို့ ဖျက်ဆီးခြင်းအခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   ဦးမောင်ကိုနှင့်   အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ  ရဲအရာရှိကြီးများ   တက်ရောက်၍  မန္တလေးတိုင်းဒေသကြီး၊   စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့်   မြန်မာ နိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၇၄၃ ကီလို ကျော်၊ ဘိန်းဖြူ ၅၀၂ ကီလို ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား သန်း ၅၀ ကျော်၊ အိုက်စ် ၈၂၆ ကီလိုကျော်၊ ကတ်တမင်း ၁ ဒသမ ၄၃ ကီလို ကျော်၊ ဆေးခြောက် ၁၆၇ ကီလို ကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆  မျိုး နှင့်ဓာတုပစ္စည်း ၁၀ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ်   ၁၈၆   ဒသမ  ၀၃  ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၂၇  သန်းကျော်)   ကို   မီးရှို့ဖျက်ဆီးခဲ့ သည်။


တောင်ကြီး


ထို့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ အဝေရာမီးပုံးပျံကွင်း၌ နံနက် ၈ နာရီ တွင်ကျင်းပသည့်   ဖမ်းဆီးရမိ   မူးယစ် ဆေးဝါးများကို     မီးရှို့ဖျက်ဆီးခြင်း၊ တောင်ကြီးမြို့နယ်  ကုန်းမူကျေးရွာအုပ်စု မံတလင်းကျေးရွာ ဖြုန်းကျောက်ထုတ်လုပ် သည့်ကွင်းအနီး၌ ကျင်းပသည့်  ဖမ်းဆီး ရမိ ထိန်းချုပ်ဓာတုပစ္စည်းများကို မြေမြှုပ် ဖျက်ဆီးခြင်းအခမ်းအနားတို့တွင်   ရှမ်း ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့်   အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်  ဝင်းဇော်မိုး၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ   ရဲအရာရှိကြီးများနှင့်   နိုင်ငံ တကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ   တက်ရောက်၍    ရှမ်းပြည်နယ်၊  ကယားပြည်နယ်တို့မှ  ဖမ်းဆီးရမိသည့်   ဘိန်း ၃၁၂၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၈၁၄ ကီလိုကျော်၊     စိတ်ကြွရူးသွပ်ဆေးပြား   ၁၀၅ သန်းကျော်၊ အိုက်စ် ၇၉၂၂ ကီလို ကျော်၊  ကတ်တမင်း  ၂၈၀  ကီလိုကျော်၊ ဆေးခြောက် ၄၇၉ ကီလိုကျော်၊ ကဖင်း ၁၂ တန်ခွဲကျော် အပါအဝင် မူးယစ်ဆေးဝါး  ၁၃ မျိုးနှင့် ဓာတုပစ္စည်း  ၂၂ မျိုး   စုစုပေါင်း တန်ဖိုး ငွေကျပ် ၅၆၂ ဒသမ ၄၆ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ  ၃၅၁ ဒသမ ၅၃    သန်းကျော်)ကို   မီးရှို့ဖျက်ဆီးခဲ့ သည်။


ယခု ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊    မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော   ဓာတု ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးခြင်းအခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး သုံးနေရာတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဘိန်းကီလို ၃၈၇၀ ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ကီလို ၁၄၀၈၀ ကျော်၊ ဆေးခြောက် ၇၃၉ ကီလို ကျော်၊  ကတ်တမင်း ၂၈၉ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ခွဲကျော် အပါအဝင် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နှင့်  မူးယစ်ဆေးဝါး   ထုတ်လုပ်ရာတွင် အသုံးပြုသော   ဆက်စပ်ပစ္စည်းအမျိုး ပေါင်း  ၆၀ တို့ကို   ဖျက်ဆီးခဲ့ခြင်း   ဖြစ် သည်။ 


အရှိန်အဟုန်မြှင့် ကြိုးပမ်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ  မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က   အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့်    မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း   အများအပြား ဖမ်းဆီးရမိ     ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


သတင်းစဉ်