အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့၌ မီးရှို့ဖျက်ဆီး

နေပြည်တော်  ဇွန်  ၂၆


အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်     တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိ မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ ဖျက်ဆီးခြင်းအခမ်းအနားများကို ယနေ့တွင်        ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင် ရာ   ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့၌     ကျင်းပ သည်။


မီးရှို့ဖျက်ဆီးခဲ့


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ  ရန်ကုန် အနောက်ပိုင်း  ကုန်တင်ယာဉ်ရပ် နားကွင်း၌   နံနက်  ၆   နာရီက ကျင်းပသည့်     မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် မူးယစ်ဆေးဝါး နှင့်    စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်  တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့    ဥက္ကဋ္ဌ၊ ပြည်ထဲရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊   ရန်ကုန် တိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    ဦးလှစိုးနှင့် အဖွဲ့ဝင်များ၊     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ    ရဲအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ  တက်ရောက် ၍        ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊    ရခိုင် ပြည်နယ်နှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ  ဖမ်းဆီးရမိသော ဘိန်း သုည ဒသမ ၀၀၂  ကီလို၊ ဘိန်းဖြူ ၂၄၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၈ သန်း ကျော်၊ အိုက်စ် ၅၃၃၁ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၁၈၅ ကီလိုကျော်၊ ကတ်တမင်း   ရှစ်ကီလိုကျော်၊ ဆေးခြောက်  ၉၂   ကီလိုကျော်  အပါအဝင် မူးယစ်ဆေးဝါး ၂၂ မျိုး နှင့် ဓာတုပစ္စည်း သုံးမျိုး စုစုပေါင်း တန်ဖိုးငွေကျပ်  ၃၂၀ ဒသမ ၁၆ ဘီလီယံကျော်       (အမေရိကန် ဒေါ်လာ ၂၀၀ ဒသမ ၁၀ သန်း ကျော်)ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 
အလားတူ   မန္တလေးတိုင်း ဒေသကြီး   အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ    ရွှေမန်း တောင်အားကစားကွင်း၌  နံနက် ၈ နာရီတွင် ကျင်းပသည့်   မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး    စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်    အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ကိုကိုဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ    ရဲအရာရှိ ကြီးများတက်ရောက်၍   မန္တလေး တိုင်းဒေသကြီး၊     စစ်ကိုင်းတိုင်း ဒေသကြီး၊    ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ    အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့မှ ဖမ်းဆီးရမိ သည့် ဘိန်း ၇၄၃ ကီလိုကျော်၊ ဘိန်းဖြူ   ၅၀၂  ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သန်း ၅၀ ကျော်၊ အိုက်စ် ၈၂၆ ကီလိုကျော်၊ ကတ်တမင်း ၁ ဒသမ ၄၃ ကီလို ကျော်၊ ဆေးခြောက် ၁၆၇ ကီလို ကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၆  မျိုးနှင့် ဓာတုပစ္စည်း ၁၀ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၆ ဒသမ    ၀၃   ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၁၆ ဒသမ ၂၇ သန်းကျော်)ကို မီးရှို့ဖျက်ဆီး ခဲ့သည်။


တောင်ကြီးမြို့


ထို့အတူ       ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ  အဝေရာမီးပုံးပျံ ကွင်း၌ နံနက် ၈ နာရီတွင် ကျင်းပ သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များကို     မီးရှို့ဖျက်ဆီးခြင်း၊ တောင်ကြီးမြို့နယ်     ကုန်းမူ ကျေးရွာအုပ်စု မံတလင်းကျေးရွာ ဗြုံးကျောက်ထုတ်လုပ်သည့်ကွင်း အနီး၌  ကျင်းပသည့်  ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းများကို  မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနားတို့တွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော် ထွန်းနှင့်အဖွဲ့ဝင်များ၊  အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊  မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ   ရဲအရာရှိကြီးများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ၍ ရှမ်း ပြည်နယ်၊ ကယားပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၃၁၂၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၈၁၄ ကီလို ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၅ သန်းကျော်၊  အိုက်စ်  ၇၉၂၂ ကီလိုကျော်၊  ကတ်တမင်း  ၂၈၀ ကီလိုကျော်၊ ဆေးခြောက်  ၄၇၉ ကီလိုကျော်၊ ကဖင်း ၁၂ တန်ခွဲ ကျော် အပါအဝင် မူးယစ်ဆေးဝါး  ၁၃ မျိုး နှင့် ဓာတုပစ္စည်း ၂၂ မျိုး စုစုပေါင်းတန်ဖိုး  ငွေကျပ်  ၅၆၂ ဒသမ ၄၆ ဘီလီယံကျော် (အမေရိ ကန် ဒေါ်လာ ၃၅၁ ဒသမ ၅၃ သန်း ကျော်)ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ယခု ၂၀၂၁ ခုနှစ်တွင်  ဖမ်းဆီး ရမိ  မူးယစ်ဆေးဝါးများ၊   မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင်    အသုံး ပြုသော     ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားများကို  ရန်ကုန်၊ မန္တလေး၊ တောင်ကြီး သုံးနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ  ဘိန်းကီလို ၃၈၇၀ ကျော်၊    ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊      စိတ်ကြွရူးသွပ် ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ကီလို ၁၄၀၈၀ ကျော်၊  ဆေးခြောက် ၇၃၉ ကီလိုကျော်၊   ကတ်တမင်း ၂၈၉ ကီလိုကျော်နှင့်  ကဖင်း ၁၂ တန်ခွဲကျော်အပါအဝင်   မူးယစ် ဆေးဝါးနှင့်   ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၀၆၈ ဘီလီယံကျော်    (အမေရိကန် ဒေါ်လာ ၆၆၇ သန်းကျော်)နှင့် မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသော    ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၆၀ တို့ကို  ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။ 


ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့


နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  လမ်းညွှန်ချက် နှင့်အညီ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး     လုပ်ငန်းများကို တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့တို့က    အရှိန်အဟုန် မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှု ကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်းအများအပြား   ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။          

        
သတင်းစဉ်