အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ  

 

ရန်ကုန်    ဒီဇင်ဘာ  ၃ 


၂၀၂၂ခုနှစ်    ဒီဇင်ဘာ   ၃   ရက် တွင် ကျရောက်သည့်အပြည်ပြည် ဆိုင်ရာ    မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့်    ရန်ကုန် တိုင်းဒေသကြီး    လူငယ်ရေးရာ ကော်မတီနှင့် မြန်မာနိုင်ငံ  မသန် စွမ်းသူများ အားကစားအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသော     မသန်စွမ်း သူများ‌နေ့           အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယ‌နေ့နံနက် က ရန်ကုန်မြို့ဒဂုံမြို့သစ်(မြောက် ပိုင်း) မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေး စခန်း၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း‌ ဒေသကြီး  ဝန်ကြီးချုပ်   ဦးစိုးသိန်း နှင့်   ဝန်ကြီးများ   ကြည့်ရှုအား‌ပေး ကြသည်။

 


အဆိုပါ ပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီး       ပြေးခုန်ပစ်ပြိုင်ပွဲ    ၁၄   ပွဲ၊       ရေကူးပြိုင်ပွဲ‌လေးပွဲ၊   စစ်တုရင်ပြိုင်ပွဲတွင်    မျက်စိမြင်၊   မျက်စိမမြင်၊         ကိုယ်အင်္ဂါမသန်စွမ်း အတန်း‌သုံးတန်း     ယှဉ်ပြိုင်‌ကြ သည်။    ပြိုင်ပွဲများအပြီးတွင် တိုင်း‌ဒေသကြီး    ဝန်ကြီးချုပ်နှင့် တိုင်း‌ဒေသကြီး    ဝန်ကြီးများက ပထမ၊     ဒုတိယ၊    တတိယရရှိကြ‌ သောမသန်စွမ်းသူ    အားကစား သမားများအား      ဆုတံဆိပ်နှင့်‌ ငွေသားဆုများ ချီးမြှင့်ခဲ့ကြသည်။    ယင်းပြိုင်ပွဲတွင်       မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ ချုပ်၊         လူမှုဝန်ထမ်းဦးစီးဌာန၊  မျက်မမြင်‌ကျောင်းများ၊    မြို့နယ် အသီးသီးမှ  အားကစားသမားများ စုစုပေါင်း ၁၂၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။        ထို့ပြင်  တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များ တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့      အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ    ကျင်းပခဲ့‌ ကြောင်း သိရသည်။  

အာကာစိုး
ဓာတ်ပုံ - တင်စိုး